Uni
Chan အိမ်ပေါ်တက်သွားပြီး အိပ်ခန်းထဲကိုဝင်လိုက်တော့ အဝတ်စားလဲပြီးထိုင်နေတဲ့ ပေါက်စ ။ မျက်နှာလေးကလည်းနွမ်းလို့။
Chan : " ပေါက်စ ထမင်းစားကြရအောင်။ ပေါက်စကြိုက်တဲ့ ဟင်းတွေလည်းရှိတယ် စားကြရအောင်နော် "
KS : " ကျွန်တော်ကအရမ်းဆိုးလို့လား "
Chan သူပြောတာနဲ့ဆန့်ကျင်စွာပြောလာတဲ့ပေါက်စကိုလှမ်းကြည့်မိတော့သူ့ကိုမကြည့်ပဲ ပြတင်းပေါက်ကနေအဝေးကိုလှည့်ကြည့်နေသည်။
Chan : " ဟင်း....ပေါက်စ ကိုယ်ကိုကြည့်။ "
ဆိုကာ KS ကိုသူ့ဘက်ကိုဆွဲလှည့်ပြီး မျက်လုံးချင်းဆုံစေလိုက်သည်။
Chan : " ပေါက်စအခုတွေးနေတာကို ခေါင်းထဲကနေထုတ်လိုက် ပေါက်စ။ ပေါက်စ ဆိုးတယ် ဆိုတာလူမိုက်တွေကိုဆိုးတယ်ပြောတာ။ ပေါက်စ က လူမိုက်မှမဟုတ်တာ။ နောက်ပြီး ပေါက်စကဆိုးတယ်ဆိုရင်တောင်ကလေးဆိုးလေးလေ ။ ဘယ်သူကအပြစ်တင်မှာလဲပေါက်စရဲ့။ခုနကကိစ္စကိုကြည့်ပါလား ပေါက်စ မှန်တယ်လို့လူကြီးတွေတောင်ပြောသွားကြသေးတယ်။ နောက်ပြီးပေါက်စကိုဘယ်သူကဆိုးတယ်ပြောပြော ကိုယ့်မျက်လုံးထဲက ပေါက်စ က မဆိုးဘူး ဟုတ်ပြီလား "
Chan ရဲ့စကားအဆုံး Chanရဲ့ရင်ခွင်ထဲကိုဝင်ကာတင်းကျပ်နေအောင်ဖတ်ထားသော KS ။ Chan တစ်ချက်ပြုံးကာ KS ကိုပြန်ဖက်ထားလိုက်သည်။
Chan : " အချွဲလေးကွာ "
KS : " အဲ့တော့မကြိုက်ဘူးလား "
Chan : " မကြိုက်ပါဘူး "
သူ့စကားကြားတော့ရင်ခွင်ထဲကနေမော့ကြည့်ပြီးနှုတ်ခမ်းကြီးဆူထားသည်။ အသည်းယားစွာနှာခေါင်းလုံးလုံးလေးကိုဆွဲလိမ်လိုက်ကာ
Chan : " ကိုယ်က ချစ်တာပါဗျာ။ ဟောဒီက ဘဲရုပ်ဆိုးလေးကိုချစ်တာပါ "
KS : " ဟွန့် "
မျက်စောင်းထိုးကာ သူ့ကိုဖက်ထားရာကနေခွာဖို့လုပ်တော့
Chan : " လာထမင်းသွားစားမယ် "
ဟုဆိုကာ ကလေးတွေချီသလိုချီသွားလိုကသည်။ ရင်ခွင်ထဲနေပြုံးစိစိနဲ့လိုက်လာတဲ့ ပေါက်စရဲ့နှုတ်ခမ်းလေးမထိန်းနိုင်စွာဆွဲနမ်းမိသည်။ ခနလေးပေမဲ့ ပေါက်စရဲ့နှုတ်ခမ်းကတကယ်ကိုချိုသည်။ ထပ်နမ်းချင်ပေမဲ့ စိတ်ကောက်တော်မူနေမှာဆိုးတာကြောင့် ထိန်းလိုက်ရသည်။ တကယ်ပြုစားနိုင်တဲ့ပေါက်စလေး။ ပေါက်စကတော့အနမ်းခံလိုက်ရတာကြောင့်လားတော့မသိဘူး တောင့်တောင့်လေးပါလာသည်။
ထမင်းစားခန်းထဲရောက်တော့ထိုင်ခုံပေါ်မှာချပေးတော့မှ အသိဝင်သည်လားမပြောတက် လည်ပင်းကိုမလွှတ်တမ်းဖတ်ထားသည်။ မျက်နှာကိုလည်းလွှထားသေးသည်။ သူ့မှာထိုင်မရထမရ ဖြစ်နေတော့သည်။