KS Chan ရောက်လာကတည်းက နိုးနေတာပါ။ ဒါပေမဲ့ မထသေးဘဲ အိပ်ချင်ယောင်ဆောင်နေတာ။ အင်္ကျီကလည်း ဒီနေ့ကျမှ ပင်ဂွင်းပုံပါတဲ့ ညအိပ်ဝတ်စုံဝတ်ထားမိတာ။ အဲ့လူကြီးသာမြင်သွားကြည့်ပါလား ။ ထိုင်ရယ်နေမဲ့အဖြစ်။ အဲ့တာကြောင့် အိပ်ချင်ယောင်ဆောင်နေခြင်း။ အိပ်ရာထဲကနေ သူပြောသမျှကို ဘုကလန့်တွေလိုက်ပြောနေတာ။ နောက်တော့ ဖေဖေက Chan ကို ကလေးလာထိန်းတာလားလို့ မေးတော့ ကလေးလာထိန်းတာလို့ဖြေတော့
" ကလေး လာထိန်းတာ ။ ကလေး ။ ဘယ်ကလေးလဲ အိမ်မှာ ကလေးလည်း တစ်ယောက်မှမရှိပါဘူး။ ဘယ်သူ့ကိုပြောတာပါလိမ့်။ "
KS အတွေးနက်နေတုန်း နောက်ကနေ
" တွေးလို့ပြီးအုန်းမှာလား ပေါက်စ "
" အား!!!!!!!!!!!! "
" ဟာ ပေါက်စ ကိုယ်လေ။ ပေါက်စ ။ ဘာလို့အဲ့လောက်အော်ရတာလဲကွာ "
" ဟဲ့ ဟဲ့ ဘာဖြစ်ကြတာလဲ။ "
" ဘာမှမဖြစ်ဘူး ဒေါ်လေး။ ပေါက်စ ကျွန်တော့်ကို မြင်ပြီး လန့်သွားလို့ "
" ဒီကလေးနှယ့်တော့ လန့်စရာရှားလို့"
ဒေါ်လေး Jung ထွက်သွားတော့မှ
" ခင်ဗျား ဘာလုပ်နေတာလဲ။ ထွက်သွားလေ။ ယောင်္ကျားငယ်ငယ်လေးရှိတဲ့အခန်းကို မပြောမဆိုပဲ ဘာလို့ဝင်လာတာလဲ "
KS တကယ်လန့်သွားတာပါ။ ရုတ်တရက်ကြီးဝင်လာမယ်လို့မထင်ထားတာကြောင့်ရောပေါ့ ။
" ပေါက်စ မင်းကလေးစကားပြောလိုက်ရင် ရိုက်ပေါက်ကြီးပဲ ။ မင်းကိုမင်း ယောင်္ကျားငယ်ငယ်လေးလို့ပြောရအောင် မင်းနဲ့ငါ ဘယ်နှစ်နှစ်တောင်ကွာလဲ "
" မသိဘူး ခင်ဗျားက ကျွန်တော့်ထက် အသက်ကြီးတာက ကြီးတာပဲ "
" ကဲကဲ တော်ပြီ မင်းနဲ့ရန်ဆက်ဖြစ်ဖို့ အစီအစဥ်မရှိဘူး ထတော့ "
KS ထမလို့ရှိသေး။ Chan မျက်နှာက အပြုံးကို မြင်လိုက်တာကြောင့်
" ခင်ဗျားကြီး ဘာရယ်နေတာလဲ ။ အခန်းထဲက ထွက်သွားလေ...."
" မရယ်ပါဘူးကွာ။ ထွက်သွားစလိုလို့လား ယောင်္ကျားလေးချင်းပဲ ရှက်စရာမှမရှိတာ "