Ch-31

445 53 10
                                    

Uni

KS ငရုတ်သီးမှုန့်တွေကြောင့် သီးပြီးချောင်းဆိုးနေကာ ရပ်တောင်မရပ်။ ဘေးနားက TY မှာလည်းပျာယာတွေခပ်နေသည်။ Kai တို့အဖွဲ့လည်းရေခပ်ပေးသူကပေး။ ယပ်ခတ်ပေးသူကပေးနေသည်။ ခုနကစကားပြောနေတဲ့ကောင်မလေးတွေကကြောက်နေကြသည်။ သူတို့အမှားလည်းမကင်းသည်မို့ ဘာလုပ်ရမှန်းမသိကြ။
Chan ပေါက်စ ဆီကိုပြေးလာတာကြောင့် အကုန်လုံးက ဖယ်ပေးကြသည်။ ဒေါ်လေးSuhoနဲ့Taoသည်လည်း လိုက်လာကြသည်။ Chan ရောက်လာတာတောင် KS ကသီးနေတုန်းပင် ။

Chan : " ဘာဖြစ်တာလဲ "

Lu : " ဟို ငရုတ်တွေ KS ထဲကိုဖိတ်ကျတာဆရာ ပြီးတော့စားလည်းစားလိုက်မိတယ် "

KS : " အဟွတ် အဟွတ် အဟွတ် "

Luhan က ဝင်ရှင်းပြသည်။

KS ကတော့ ခေါင်းပင်မထောင်နိုင်အောင်ဖြစ်နေသည်။

Chan : " ပေါက်စ ကိုယ့်ကိုကြည့် ။ "

KS မျက်နှာလေးကိုဆွဲမော့ကာ ယပ်ခတ်ပေးစေလိုက်သည်။

Chan : " အသက်ရှုခနအောင့်ထားနော် "

နောက်တော့ Chan ပေါက်စကိုရင်ခွင်ထဲဆွဲသွင်းလိုက်ရင်း

Chan : " အသက်ကိုဖြေးဖြေးရှု ပေါက်စ "

KS : " အဟွတ် အဟမ်း "

Chan : " အဆင်ပြေရဲ့လား "

ရင်ခွင်ထဲကနေ ခေါင်းအသာငြိမ့်ပြတာကြောင့် အာလုံးသက်ပြင်းချလိုက်ကြသည်။ Chan ကတော့ ပေါက်စကို ပိုပြီးခပ်တင်းတင်းဖက်လိုက်လေသည်။ သူ့မှာဒီကလေးလေးကိုဘယ်လောက်တောင်စိတ်ပူနေခဲ့ရလဲ။ တကယ်ဆို သူ့နာရေးအိမ်မှာနေရအုံးမည် ဆိုပေမဲ့။ ပေါက်စ ကသာလျှင် သူ့အတွက်အရေးကြီးဆုံးပင်။ ပေါက်စကို ရင်ခွင်ထဲ၌ထည့်ကာ အိမ်ပြန်လာခဲ့သည်။ မိဘတွေက မကောင်းတက်လို့ နာရေးအိမ်မှာနေခဲ့ကြသည်။ Kai တို့လည်း Chan တို့နောက်ကနေ လိုက်လာခဲ့ကြသည်။ Taeyoon ကတော့နေခဲ့သည်။ သူဝင်မရှုပ်သင့်ဘူးမလား။

Chan သီးသွားလို့နွမ်းခွေနေတဲ့ ပေါက်စကို အိမ်အပါခေါ်ခဲ့ပေမဲ့ အိမ်ရောက်တော့ ထွက်သွားဖို့ပြင်နေတဲ့ပေါက်စကြောင့် လက်ကောက်ဝက်ကိုလှမ်းဆွဲလိုက်ကာတားလိုက်သည်။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now