Uni
" အကို Jongin လမ်းမှာဂရုစိုက်နော် ပြီးတော့ ရွာကိုပြန်လာဖြစ်အောင် ပြန်လာခဲ့ ကျွန်တော်တို့စောင့်နေတယ်ဗျ "
" ဟုတ်တယ် အကို ကျွန်တော်တို့မျှောနေတယ်ဆိုတာ မမေ့နဲ့နော် "
KS နဲ့ Chen ရဲ့နှုတ်ဆက်စကားသံတွေက Kai ရင်ထဲကိုဆူးခနဲ။ ဒီရွာမှာ ဒီကောင်လေးတွေနဲ့အမှတ်တရတွေများခဲ့တယ်မလား။ Chan Sehun Xui တို့ကတော့နှုတ်ဆိတ်လျက်...သူတို့သူငယ်ချင်းလေးယောက်က စကားပြောစရာမလိုဘဲ မျက်လုံးတွေကြည့်ရုံနဲ့ဘာပြောချင်မှန်းသူနားလည်ပါသည်။ အစက Sehun ပါ လိုက်မယ်ဆိုပေမဲ့ နောက်ရက်မှလိုက်လာမယ်ဆိုတာကြောင့် အခုခရီးလမ်းက သူတစ်ယောက်ထဲသာ ။
" ဘာလို့လာမခေါ်သေးတာလဲ ဗိုက်ဆာနေပြီကွ "
" အေးလေကွာ "
" အဲ့လောက်နှင်လွှတ်မနေနဲ့ ေ-ွးကောင်တွေရဲ့ သွားမှာမပူနဲ့ "
" နှင်လွှတ်တာမဟုတ်ဘူး မောင်းထုတ်တာ "
" တယ် ဒီကောင်လေးတော့ "
Chan နဲ့ Sehun က ပွစိပွစိပြောနေတာကြောင့် Kai ကပြန်ပြောတော့ KS ဆီက စနောက်တဲ့စကားလုံးတွေထွက်လာတော့ Kai ကလည်းပြန်စသည်။
" ချောတယ်မလား "
" ဟွင့် ရေညိှရုပ်နဲ့ "
" အကိုကသာ ချောကလက်ရုပ် "
" ချောကလက်နဲ့ရေညှိ ဘယ်ဟာက တန်ကြေးကြီးလည်း ကောင်လေး ကိုယ့်နေရာကို သိစမ်းပါ အမွှေစိန်ရာ "
" Kim Jongin !! "
" ပြော အရိုင်းတုန်းလေး "
" လွန်နေပြီနော် "
" ဟား ဟား ဟား Chan က မင်းဟာလေးကတကယ့်ပေါက်စလေး "
" ဟွင့် တော်ပြီ အကိုနဲ့ စကားမပြောဘူး "
" ဟား ဟား ဟား "
KS နဲ့ Kai စကားအခြေအတင်ပြောကာရယ်နေကြပေမဲ့ အကုန်လုံးရဲ့အပြုံးက အသက်မဝင်။ ဘာပဲပြောပြော သံယောဇဥ်တွေရှိခဲ့ကြတယ်မလား။ ကားရောက်လာတော့ ပြုံးနေတဲ့ မျက်နှာလေးတွေက ပျက်သွားသယောင်။ အတက်နိုင်ဆုံးပြုံးနေကြပေမဲ့ အပြုံးတွေပီပြင်နေလားဆိုတာ ကာယံကရှင်တွေကလွဲပြီးမသိနိုင်။ ရွာသားတွေကို တွေက ရွာထိပ်ကနေပဲနှုတ်ဆက်ကြသည်။ ကားဆီကိုတော့မလာကြ။ ဘယ်လိုပဲပြောပြော ကျောင်းသားလေးတွေတောင် ခင်မင်နေတယ်ဆိုတာ လူကြီးတွေဆိုပြောစရာတောင်မလို။ Kai ရဲ့တောင်းဆိုမှုကြောင့် လိုက်ပို့ချင်ပေမဲ့ နေခဲ့ကြသည်။ Kai နားမှာ Chan တို့ 6 ယောက်သာရှိသည်။ Luhan က သူ့လက်ထဲက ကြာပန်းလေးကိုပေးရင်း