Uni
Chan တစ်ယောက် အဲ့နေ့က ဥက္ကဌအိမ်ကနေမပြန်ဖြစ်။ ဂျီယွန်းကပြန်သွားပေမဲ့ သူကတော့ Sehun တို့နဲ့အိပ်လိုက်ရသည်။ တစ်ညလုံးအိပ်မပျော် ဟိုဘက်လှိမ့်ဒီဘက်လှိမ့်နဲ့ မိုးလင်းသွားသည်။ မိုးလင်းတော့လည်း အိမ်မပြန်ဖြစ်သေး မြို့သွားဖို့ပြင်နေရသေးသည်။ ပေါက်စ မျက်နှာလေးကို ကြည့်ချင်သေးပေမဲ့ သူ့မှာမအားပေ။ မြို့ကကားလာခါနီးကားစော့င်နေရင်း Sehun နဲ့ xuimin တို့နဲ့ စကားပြောနေလိုက်သည်။ ဂျီယွန်းကတော့ သူ့သူငယ်ချင်းတွေနဲ့ စကားပြောရင် သူတို့ဘက်တစ်ချက်တစ်ချက် လှည့်ကြည့်နေသည်။ ခနကြာကားရောက်လာသည်။ Sehun တို့က ဂရုစိုက်ဘာညာပြောကာ ကားပေါ်တက်ခိုင်းလေသည်။ ဂျီယွန်းကတော့ တက်သွားချေပြီ။ Chan ကားပေါ်တက်ဖို့အချိန်မှာဘဲ
" ဆရာChan!!! အကိုSehun !! ဆရာMiseok !!! "
သူတို့သုံးယောက် နာမည်နဲ့အော်ပြီးပြေးလာတဲ့ကောင်လေး။
" Chan သွားရအောင်လေ ကားထွက်တော့မယ် "
ဂျီယွန်းကလည်း အနားကသွားဖို့ခေါ်နေသည်။ ကားသမားကလည်းစိတ်မရှည်တော့။
" ဆရာ Chan သွားလို့မဖြစ်ဘူး!! "
အော်သံက တဖြေးဖြေးကျယ်လာသည်။ ကားသမားကလည်း သွားဖို့လောနေသည်။ Chan ကားဖို့တက်ဖို့ပြင်လိုက်တော့......
" ဆရာ Chan Kyungsoo ရွာကထွက်သွားပြီ !! "
Chan Kyungsoo နာမည်ကြားတာကြောင့် ကားပေါ်တက်မဲ့ခြေလှမ်းတွေတန့်သွားရသည်။
အနားရောက်လာတဲ့ကောင်လေးက
" ဆရာ Chan kyungsooလေ ဟူး Kyungsoo ဟဲ "
" ဘာဖြစ်တာလဲ မြန်မြန်ပြော "
" ရွာ ရွာက ထွက်သွားတယ်တဲ့ အိမ်ကိုလည်းလည်း..........."
စကားမဆုံးသေး ရွာဘက်ကိုပြေးထွက်သွားတဲ့ Chan ။
" ဟို Baek ရယ် Chen ရယ် lulu ရယ်ပါ ပါသွားသွား........."
ထိုကောင်လေးစကားမဆုံးခင် ရွာဘက်ကိုပြေးထွက်တာကြောင့် ထိုကောင်လေး ခေါင်းကုတ်ကာကျန်ခဲ့သည်။ မြို့တက်မဲ့ကားသည်လည်း ထွက်သွားခဲ့ချေပြီ။ ဂျီယွန်းသည်လည်း ဆင်းကာကျန်ခဲ့တော့သည်။