Ch-35

370 43 4
                                    

Uni

" ဖြောင်း "

" ဂျီယွန်း!!! "

" Kyungsoo!! "

လည်ထွက်သွားတဲ့မျက်နှာနဲ့အတူ အော်သံတွေလည်း မိုးရွာထဲမှာ ဆူညံသွားသည်။

" ဟာကွာ ဒီမှာ!! "

ဒေါသထွက်သွားတဲ့ Chen က ​စကားပြောဖို့လုပ်ပေမဲ့ KS လက်ကိုဆွဲကာ လှမ်းတားလိုက်သည်။ ဘာမဟုတ်တာလေးနဲ့ရန်မဖြစ်စေလို။ ပြီးတော့ မိန်းကလေးတစ်ယောက်နဲ့ အဖက်လုပ်ပြီး စကာမများချင်တာကြောင့် Chen ရဲ့ လက်ကိုဆွဲကာ သူမ တို့ရှေ့က လှည့်ထွက်ခဲ့သည်။
Chen ကတော့ တောက် တစ်ခေါက်ခေါက်နဲ့ပါလာသည်။

" တော်ပါတော့ Chen ရာ ငါနားငြီးလာပြီ အနားကနေ "

" နာငြီးလည်း နားသာပိတ်ထားလိုက်တော့.... တောက်!! ကွာ...မင်းတားနေလို့ တောက်! ကွာ သွားစမ်းကွာ "

Chen တစ်ယောက်ဒေါသထွက် လမ်းတွေ့ရှိရှိသမျှကို လိုက်ကန်နေတော့သည်။ KS ဘာမှမပြောဘဲ Chen နောက်ကနေငြိမ်ပြီးလိုက်လာခဲ့သည်။ Chen က သဘောကောင်းပေမဲ့ ဒေါသထွက်ရင် ​သူမတူအောင် သွေးဆိုးသည်။ ပါးစပ်ပိတ်ပြီးသွားတာက အကောင်းဆုံးပင်။ အမဂျီယွန်းတို့ကို ထားခဲ့ရပေမဲ့ စိတ်ကမချပေ။ မတက်သာလို့သာထားခဲ့ရတာ ။ သူမ က သူ့ကို ရိုက်တာက လွန်တာသိပေမဲ့ အကို ရဲ့ သူငယ်ချင်းဖြစ်နေသည်လေ။

မိုးက အရမ်းကြီးမသည်းတော့ပေမဲ့ ရွာနေတုန်းပင်။ Chen က ခြေလှမ်းကြဲကြီးတွေနဲ့သွားနေတာကြောင့် KS နောက်ကနေအမှီလိုက်ရသည်။ ယောင်္ကျားလေးခြေလှမ်းနဲ့မိန်းကလေးခြေလှမ်းက မတူတာကြောင့် အမဂျီယွန်းတို့ KS တို့နဲ့တဖြေးဖြေးဝေးသွားတော့သည်။ KS ရွာထိပ်သာရောက်လာသည် ဘယ်လိုရောက်လာလည်း KS မသိချေ။ KS တို့ရွာထိပ်ရောက်တော့ Baek နဲ့ Lu က အပင်အောက်က ရပ်စောင့်နေကြသည်။ လက်ထဲက ထီးတွေက သူတို့ဖြတ်လာတဲ့ရွာကပေးလိုက်တယ်ထင်သည်။ Baek နဲ့ Lu အနားရောက်သွားတော့ Chen ရဲ့မျက်နှာက တင်းမာနေတာကြောင့် နှစ်ယောက်စလုံးက ဘာဖြစ်တာလဲဆိုတာ မော့ငေါ့ပြီးမေးသည်။
KS နောက်မှရှင်းပြမယ်ဟု အမူအရာနဲ့လှမ်းပြောလိုက်သည်။ တုံးအ လွန်းတဲ့ သမင်မ က " အမဂျီယွန်းတို့ ဘယ်ကျန်ခဲ့လဲ " ဟုမေးဖြစ်အောင်မေးလိုက်သည်။ 

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now