Ch-7

647 72 40
                                    

Baek : " ညအရေးမှာ လကလေးကလည်းသာဆိုတော့ ဟင်းဟင်း.."

KS : " ဘာဖြစ်လဲအဲ့တာ "

Chen : " မင်းတို့ရဲ့ဘတ်(ချ်)လာနိုတ်လေ ဟိဟိ "

KS : " ဘာဟိဟိလဲ၊ မင်းတို့ကောင်တွေ ။ အမြဲတမ်းပေါက်ကရတွေပဲတွေးနေ😒 "

KS မျက်နှာလေးရှက်ပြီးနီရဲနေလေပြီ။ မင်္ဂလာဆောင်ပြီးတော့ Kris တို့ဝိုင်းထဲမှာပဲနေကြသည်။ သူတို့နှစ်ယောက်အတွက်အိမ်ကိုသက်သက်ဆောက်ပေးထားလေးသည်။ kris တို့အိမ်ရှေ့မှာရှိတဲ့ကွပ်ပျစ်ပေါ်မှာ ကာလသားတွေစုနေကြလေသည်။ Chan ကတော့လောလောဆယ်အိမ်မှာရှိမနေတာကြောင့် သူတို့အတွက်လွတ်လပ်ရေးတွေရနေကြခြင်း။ ဒေါ်လေး Tao ကလည်း ​ကြောင်သျှာပွင့်သုတ်တွေသုတ်ကျွေးနေလေသည်။(အခုအရမ်းစားချင်နေတာ😋🤭)

Baek : " ဟေ့ကောင် chenah မင်းမြင်လိုက်လား ညနေကလေ ကောင်လေးတစ်ယောက်ကွာ ခြေထောက်ကဒဏ်ရာလေးသေးသေးကိုအကြောင်းပြပြီး သူ့ကောင်လေးရင်ခွင်ထဲပါသွားတာ ခွီ။"

Chen : " မမြင်စရာလားကွ။ နှစ်ယောက်သား ချစ်ကြည်နူးနူး......"

KS : " ခွေးကောင်တွေ။ မင်းတို့သေဖို့သာပြင် "

Baek : " 😂😂 ငါတို့တောင်မမြင်ဘဲနဲ့ပါသွားတာလေး "

Chen : " ဒါတောင် အဝေးကြီးမသွားရသွားရသေးဘူး "

KS : " လဒတွေ မင်းတို့ ဒီညအသေပဲ။ မင်းတို့ကိုဒီညမရိုက်ရမချင်း ဘတ်(ချ်)လာမနိုတ်ဘူးကွ ။ မင်းတို့မိရင် မလွယ်ဘူး "(ဟဲ့ဟဲ့ပတ်ချန်းကြီးညစာငတ်တော့မယ်။ကူဖမ်းပေးလိုက်ကြပါအုံး😂)

Baek&Chen ကွပ်ပျစ်တစ်ခုကိုစက်ဝိုင်းသဖွယ်ပတ်ပြေးနေပြီးပါးစပ်ကနေပေါက်ကရတွေအကုန်အော်ကာရယ်နေတော့သည်။ KS ကလည်းနောက်ကနေဒေါသတကြီးလိုက်ရိုက်နေတာ လက်ထပ်ပြီးသားသတို့သားလောင်းလို့မည်သူကထင်ပါမည်နည်း။

Baek :" ဒေါ်လေးရေ ဒေါ်လေးရဲ့သမက်ပူပူနွေးနွေးလေးက ကျွန်တော်တို့ကိုလိုက်ရိုက်နေပါတယ်ဗျို့!!! "

Chen : " ဦးလေးရေ ဦးလေးသမက်က လက်သံပြောင်တယ်ဗျ ကျွန်တော်တို့ကို ပစ္စည်းတွေနဲ့ကောင်ပေါက်နေပါတယ်ဗျို့!!!"

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now