Ch-2

949 86 10
                                    

နေမထွက်သေးတဲ့နံနက်ခင်းအလှက ကျွန်တော်တို့ရဲ့ရွာတွေမှာသာမြင်တွေ့နိုင်တဲ့ အလှတရားတစ်ခုပါ။ မြို့ပြနံနက်ခင်းနဲ့မတူညီစွာ လှပနေတဲ့ရှုမငြီး နိုင်တဲ့မြင်ကွင်းတစ်ခုဆိုလည်းမမှား။ Chan မနက်စောစောထကာ နံနက်ခင်းရဲ့အလှကိုခံစားနေရင်း ခေါင်းထဲဝင်လာတာ စပ်စလူးပေါက်စရဲ့အကြောင်း ။ အဲ့ကလေးက ဘယ်တော့မှ မနက်စောစော မထတက် ။ ကျောင်းသားဘဝမှာတောင် မနက်စောစောထကျက်တဲ့သူမဟုတ်။ ညဆို 1 နာရီ 2 နာရီ ထိနေတဲ့သူကို မနက်စောစောတော့ သွားမနိုးလိုက်လေနဲ့။ လာနှိုးတဲ့သူကို အနီးမှာရှိတာနဲ့ကောက်ပေါက်တက်တာကြောင့် သူ့အိမ်က အိမ်သားတွေ တစ်ယောက်မှသွားမနှိုးရဲ။ အဲ့ကလေး ကျောင်းသွားဖို့က အစ ကျောင်းပြန်တဲ့တာဝန်ယူရတာ ဒီက ကောင် လေ။ Chan ရဲ့မနက်ခင်းကနေ ညအိပ်ရာဝင်တဲ့အချိန်ထိ ပေါက်စ အကြောင်းက ခေါင်းထဲမှာအပြည့် ။ ကလေးတွေကို စာသင်နေရင်း ပြောရခက်တဲ့ကလေးတွေတွေ့ရင်ကို ပေါက်စ ကိုသွားပြီးသတိရတက်သေးတာ။ အခုလည်းကြည့် ကိုယ့်ကိုယ်တောင်သတိမထားမိဘဲ တွေးမိနေတာ။ Chanyeol တို့အရူးရင့်နေပြီထင်ပါတယ်။ Chan တွေးလက်စ အတွေးကိုဖြတ်ကာ ဟိုကောင်လေးဆီသွားဖို့ပြင်ဆင်ရတော့တယ်။

" သား က နိုးနေပြီပဲ "

" မေ ကလည်း ကျွန်တော် ဒီအချိန်ဆို ထနေကြကို "

" ဟုတ်ပါပြီ သားရယ်။ မေ က သားကို ကျောင်းပိတ်ရက်ဆိုတော့ အိပ်မယ်ထင်တာလေ ။ သား က ကျောင်းပိတ်ရက်မှ နားရတာ မဟုတ်လား "

" အကျင့်ဖြစ်နေပြီ မေ ရဲ့။ အိပ်ရာထဲမှာနေလည်း အိပ်ပျော်မှာ မှ မဟုတ်တာ ။ "

" အေးပါကွယ်။ ဟုတ်ပါပြီ။ ဒါနဲ့ နေပါအုံး ဘာတွေလုပ်နေတာလဲ သား "

" ဟို ပေါက်စ အတွက် မုန့်လုပ်နေတာလေ။ သူ့ဆီသွားမလို့ 😒 "

" သားသွားမယ်ဆိုရင် အိမ်ကိုခေါ်လာခဲ့လေ။ သားငယ်လေးတောင် အိမ်မရောက်တာကြာပြီ။ ခေါ်ခဲ့ သား သားငယ်အတွက်ပါ ဟင်း ပိုချက်ထားလိုက်မယ် "

" ဘာလို့ ခေါ်ခဲ့ရမှာလဲ မေ ရာ။ ရှုပ်ရှုပ် ရှက်ရှက်ကို ။ သူသာပါလာကြည့်ပါလား တစ်ရွာလုံးက ကလေး ပေါင်းစုံပါလာတော့မှာ "

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now