Ch-47

334 39 2
                                    

Uni

တိတ်ဆိတ်မှုတွေနဲ့အတူ ကောင်းကင်ကြီးတစ်ခုလုံး တိမ်တွေနဲ့ဖုံးကာ ကြယ်ရောင်တွေပျောက်နေပေသည်။ဒါပေမဲ့ ကြယ်လေးတွေရော လမင်းကြီးရော သူ့တာဝန်သူထမ်းဆောင်နေကြသည်။ လပြည့်နေ့ဖြစ်တာကြောင့် တိမ်တွေကြားက လမင်းကြီးဟာ ကမ္ဘာမြေပေါ်သို့ အလင်းလက်ဆုံးပြန်ကျက်ပေးနေသည်။

တစ်ရွာလုံး အပ်ကျသံကြားရအောင် တိတ်ဆိတ်မှုက ကြီးစိုးနေပေမဲ့ ကောင်လေးတစ်ယောက်မှာတော့ အိပ်မပျော်နိုင်သေး။ ဘုရားပွဲမှာကတည်းက ထိန်းထားခဲ့တဲ့ မိက်ရည်တွေဟာ အိမ်ရောက်တော့ အထိန်းကွပ်မဲ့စွာ..။ မျက်ဝန်းအိမ်ထဲက မျက်ရည်တွေကို မသိချင်ယောင်ဆောင်ရင်း Baek အိမ်အောက်က ကွက်ပျစ်ပေါ်ကို လှဲချလိုက်ရင်း ကောင်းကင်ကြီးကို ငေးမောနေမိတယ် ။ လရိပ်ဟာ အေးချမ်းပေမဲ့ တစ်စုံတစ်ယောက်ကိုတော့ အေးချမ်းမှုမပေးနိုင်။

" သတိရလိုက်တာ အကိုရာ "

ခပ်တိုးတိုးရေရွတ်သံက နားထောင်နေမယ်ဆို အတိလင်းကြားနိုင်လောက်သည့် အနေအထားပင်။ ဒါပေမဲ့ နားထောင်မဲ့သူတစ်ယောက်မှ ပင်မရှိ။ Baek တွေးမိပါသည်။ အကို လည်း သူ့လို သတိရနေမလား ။ လမင်းကြီးကို ငေးကြည့်ရင်း စကားတွေပြောနေမလား ။ တိုက်ဆိုင်မှုတွေရှိတိုင်း ညီ သာဆိုရင်လို့တွေးနေမလား။ အရမ်းသိချင်တယ် အကို ။ ပြီးတော့ အကိုဘာတွေလုပ်နေမလဲ။
ကျွန်တော့ကိုများစိတ်နာနေမလား။ မြို့သူ/သားလေးတွေလက်ထဲများပါသွားပြီလား။ အကိုက ယောင်္ကျားလေးရော မိန်းကလေးတွေပါ ငေးမောရလောက်ထိ ချောမောနေခဲ့သည်မလား။ မျက်ရည်ကျချင်ပေမဲ့ ကျွန်တော်က ကျပိုင်ခွင့်မှ မရှိဘဲ။ ကျွန်တော်ကိုယ်တိုင် ငြင်းဆန်ခဲ့သည်မလား။ သတိရလာတိုင်း လမင်းကြီးကို ငေးကြည့်ရင် သတိရတဲ့အကြောင်းတွေပြောမယ် အကို။ စာပို့သူလေးတွေကတော့ ကြယ်လေးတွေပဲပေါ့.။ အကိုကြားနိုင်ပါစေ။
ဟက် ဒီနေ့လည်း မနက် 3 နာရီထိုးသွားပြန်ပြီဗျာ.............

___________________________

မှုန်မှိုင်းအုံ့စိုင်းနေတဲ့ တောအုပ်ထဲကကောင်လေးက မထင်မရှားရွာလေးတစ်ရွာကနေ ကြယ်လေးတွေနဲ့သတင်းပါးနေတာကို သိနိုင်ပါ့မလား။ရှမ်းပြည်နယ်ရဲ့နယ်စပ်တစ်နေရာမှာ တာဝန်ထမ်းဆောင်နေရတဲ့ ကောင်လေးတစ်ယောက် ။ မူးယစ်ဆေးဝါးအမှုအပြင် လူကုန်ကူးမှု လူသတ်မှု အလောင်းဖျောက်မှု အစရှိသဖြင့် အမှုတွေကြားထဲခေါင်းစိုက်နေရသည့် အပြင် ကိုယ်တိုင်ကိုယ်ကျ အဓိကနယ်မြေစခန်းကို သွားကာ တာဝန်ထမ်းဆောင်နေရဲ့ Kai။ သူရွာကထွက်လာပြီး မနားရဘဲ ရှမ်းပြည်နယ် နယ်စပ်ဒေသသို့ ထွက်ခွါလာခဲ့ရသည်။ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတဲ့ ဂိုဏ်းတစ်ခုကို စစ်တပ်နဲ့ပေါင်းပြီး ဖြိုခွဲရမှာက တာဝန်ရပ်တစ်ခု။ တောနက်ထဲမှာ ထိုစခန်းသို့ သွားလာရေးလမ်းကြောင်း လျှို့ဝှက်လမ်းကြောင်း ဘယ်အချိန်မှာ ဘာလုပ်တယ်ဆိုတာ အတိကျလုပ်ဆောင်နေရသည်။ ခနလေးနားချိန်မှာ သိလိုက်ရတာက သူတို့ရွာလေးရဲ့ဘုရားပွဲပင်။ အကိုပြန်မလာနိုင်တာ ခွင့်လွှတ်ပါ ညီ။ ဖြောင့်တန်းနေတဲ့သစ်ပင်ကြီးတစ်ပင်ကို မှီကာ နေ့ဘက်မှာတောင် နေရာင်မထိုးတဲ့ သစ်ရိပ်တွေကိုကျော်ကာကောင်းကင်ပြင်ကြီးကို ငေးကြည့်နေမိတယ်။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now