Ch-1

1.6K 94 13
                                    


" သား yeolli ခနလောက်လာပါအုံးကွယ် "

" ဗျာ မေမေ လာပြီ "

အိမ်ပြန်ရောက်ရောက်ချင်း အမောတောင်မပြေသေးတာကို Wu Chanyeol ရေ မင်းတော့နားငြီးတော့မယ်။ မေမေနဲ့ကျွန်တော်စကားမပြောခင် ကျွန်တော့်အကြောင်း အရင်ပြောမယ်။ ကျွန်တော်က ဦး Wu kris နဲ့ ဒေါ် Tao တို့ရဲ့ တစ်ဦးတည်းသောသား။ အခုလက်ရှိအလုပ်ကိုင်ကတော့ ကျောင်းဆရာပေါ့။ ကျောင်းဆရာဆိုပြီး အထင်မသေးနဲ့နော်။ 10 တန်းမှာ All D နဲ့အောင်လာတာ။ ဆရာဝန်လုပ်ချင်ပေမဲ့ အိမ်ရဲ့တစ်ချက်လွှတ်အမိန့်တော်ကြောင့် ကျောင်းဆရာဘဝရောက်လာတာ။ အခုတော့လည်း ကျောင်းဆရာဘဝကို နှစ်သက်နေပါပြီ။ ကလေး တွေကို စာသင်ရတာ ပင်ပန်းပေမဲ့ ပီတိကိုစားရင်း ပြုံးပျော်ရတယ်လေ။ ကျွန်တော့်အကြောင်းတော်တော်ရှည်သွားပြီ နောက်မှဆက်မယ်။

" Wu chanyeol!!! "

" လာပြီဗျ ။ မေမေကတော့ တကယ်ပဲ။ ပြောလေ မေမေ ကျွန်တော့်ကိုဘာပြောစရာရှိလို့လဲ "

" aww သားကို မေမေ ​junလေးရဲ့သားနဲ့ နေရာချထားပေးချင်ပြီလို့။ သားကိုပြောလာတာလဲ အကြိမ်ပေါင်းမနည်းတော့ဘူးမလား  "

"ဟာဗျာ မေမေကလည်း စပ်စလူးစိန် က ငယ်သေးတဲ့ဟာကို "

" ဒေါက် "

" အား...မေမေ နာတယ်ဗျ။ "

" စပ်စလူးစိန်လို့မခေါ်နဲ့ပြောထားတယ်မလား "

" စပ်စလူးစိန်မလို့ စပ်စလူးစိန်လို့ခေါ်တာလေ။ မေမေ မကြိုက်ရင် စွာတေးလို့ ပြောင်းခေါ်မယ် "

" တယ် ဒီကောင်လေးတော့ ။ ထပ်ခေါက်ခံချင်နေပြီ "

"  မေမေကလည်း "

" တော်စမ်း yeolli ။ မေမေပြောတာနားထောင် "

" ဟုတ်😒 "

" မျက်နှာကမဲ့ရွဲ့မနေနဲ့ "

" မနေပါဘူး "

" Chanyeol !! "

" ဗျာ ဖေဖေ "

ဘေးက ထိုင်နေတဲ့ ဖေဖေ ကပါ ဝင်ပါလာတာကြောင့် အသံတောင်မထွက်ရဲတော့။

" မင်းမေမေပြောတာကိုပဲနားထောင်"

"ဟုတ်"

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now