Ch-41(1)

337 38 2
                                    

Uni

" ပေါက်စ "

KS ကိုကို့ဆီကိုပို့တဲ့စာတွေကိုမဖွင့်ရသေးခင် ကိုကိုရောက်လာတာကြောင့် ph ကိုချလိုက်ကာ

" ကိုကို က အရမ်းမြန်တာပဲ game ဆော့မို့ ph ကိုင်တုန်းရှိသေးတယ် ဟီး"

" ပေါက်စ ပဲ မြန်မြန်ဆို ကိုယ်မြန်မြန်လုပ်လာတာ လာထမင်းစာရအောင် "

" ဟုတ် "

ထမင်းစားဝိုင်းတိတ်နေတယ်လို့ထင်ရပေမဲ့ စားနေတဲ့ကောင်လေးနှစ်ယောက်ကိုကြည့်ရင် ချစ်ခြင်းမေတ္တာတွေဘယ်လောက်တောင်ထုံးဖွဲ့ထားတယ်ဆိုတာသိနိုင်သည်။ အရပ်ရှည်ရှည်နဲ့ကောင်လေး သူ့ချစ်ရတဲ့သူအတွက် စကားမပြောပေမဲ့ ဟင်းတွေကိုခပ်ထည့်ပေးနေတဲ့မြင်ကွင်း အရိုးနွှင်ပေးနေတဲ့မြင်ကွင်းက ရိုးရှင်းပေမဲ့ ဘယ်လောက်ဂရုစိုက်ကြောင်းသိနိုင်သည်။ ထည့်ပေးသမျှမကြိုက်တဲ့ ဟင်းအမွှေးနံ့သာတွေပါနေတာတောင် အပြုံးမပျက်စားနေတဲ့ကောင်လေးသည်လည်း ဟင်းထည့်ပေးနေတဲ့ကောင်လေးကိုဘယ်လောက်ချစ်တယ်ဆိုတာပြောစရာပင်မလိုတော့။
သေချာပါတယ် တစ်ယောက်နဲ့တစ်ယောက်နဲ့ ချစ်တယ်လို့ အကြိမ်ကြိမ်မပြောခဲ့ပေမဲ့ အပြုမူတစ်ခုချင်းစီကနေ ချစ်နေတယ်ဆိုသိနိုင်သည်။

xxxxxxxxxxxxxxxxxxxxxxx

Kai တစ်ယောက် ထန်းရည်ဆိုင်ကအပြန် Baek ရှိမယ်ထင်တဲ့နေရာကို ထွက်လာလိုက်သည်။ သူအခု Chanရဲ့ပေါက်စ ပြောသလို မပြန်ခင် Baek ရဲ့ အဖြေရသွားမှဖြစ်မည်။ ဟော တွေ့ပါပြီ ။ ရွာနဲ့မြို့ကိုသွားတဲ့လမ်းက ဆည်တံတားလေးပေါ်မှာ။ အဲ့နေရာလေးက ညနေနေဝင်ချိန်ကိုကြည့်ရင်ကြည့်လို့ကောင်းသည်။ ကားတွေသွားရင် ဖုန်ထူပေမဲ့ ညနေဆိုရင် ဆိုင်ကယ်လောက်ပဲရှိတာမို့ အဲ့နေရာကအဆင်ပြေသည်။

" ညီ "

Kai Baek နားကိုသွားက ညီလို့ခေါ်တော့ ခေါင်းလေးစောင်းကာ လှည့်ကြည့်လာသည်။

" အာ အကို ဘာလုပ်တာလဲ "

" တစိမ်းဆန်လိုက်တာ ညီ ရာ ကိုယ်ညီ့ဆီကိုလာတာလေ "

" အော် ဟုတ် ဘာပြောမလို့လဲ အကို"

Baek KS ရဲ့စကားကြောင့် မျက်နှာပူလို့ မျက်နှာအေးလို့အေးညား ဆည်တံတားပေါ်သို့လာရပ်ကာ မျက်နှာအအေးလာခံနေတုန်း အနောက်ကနေ ညီ ဆိုတဲ့အသံက သူ့ကို တစ်ကိုယ်လုံးတုန်တက်သွားဖို့လုံလောက်ပါသည်။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now