Ch-21

526 48 4
                                    

Uni

Chan KS အတွက်အောက်ဆင်းကာရေခပ်ပေးနေတုန်း သူ့ကိုကြည့်နေတယ်လို့ ခံစားမိတာကြောင့် လှည့် ကြည့်မိတော့ သူ့ကို ကြည့်နေတဲ့ မေမေတို့ကြောင့် လက်ကရေပုန်းကိုတောင်လွတ်ကျချင်သလိုဖြစ်သွားသည်။ ဟို ပေါက်စ ရဲ့သူငယ်ချင်းနှစ်ယောက်ကလည်း စပ်ဖြဲဖြဲနဲ့ရီကာ   ကြည့်နေတာကြောင့် လူကအပေါ်ပဲတက်သွားရမလို ။ မေမေတို့ဆီကိုပဲ သွားရမလို လမ်းပျောက်နေသည်။
နောက်တော့ Chan မေမေတို့ကို

Chan : " မေမေ ကျွန်တော်ဆင်းလာခဲ့မယ် အခု ပေါက်စ ကိုရေပုံးသွားပေးချင်လို့ "

ဟုဆိုကာ ရေပုံးကိုဆွဲရင်း အိမ်ပေါ်ကိုတက်ခဲ့သည်။ နောက်တော့ KS ကို အောက်မဆင်းဖို့နဲ့ ထမင်းစားဖို့ပါယူခဲ့မယ် ဆိုတာရယ် ပြောပြီးအောက်ဆင်းလာတော့သည်။ အိမ်အောက်ရောက်တော့ မေမေတို့ကိုပြုံးပြလိုက်ရသည်။ လူကြီးရှက်တော့ရယ်တယ် ဆိုတာအမှန်ပင်။ မတက်နိုင် ပေါက်စ ကိုစိတ်ပူပြီးတက်သွားတာ ခြံထဲက လူတွေအများကြီးကိုမမြင်နိုင်တဲ့အထိဆိုတော့ ။ မေမေက စကား စလာသည်။

Tao : " သားငယ်လေးက တံခါးဖွင့်ပေးတာလား သား "

မေမေရဲ့အမေးကြောင့်Chan မျက်နှာရဲခနဲဖြစ်သွားသည်။

Chan : " ဟာ မေမေရာ ဘယ်လိုတွေမေးချလိုက်တာလဲ။ ကျွန်တော်က ပေါက်စ မဖွင့်ပေးဘဲ ဘယ်လိုဝင်ရမှာလဲ။ "

Suho : " ဟုတ်သားပဲ Tao ရယ် "

ဟုဆိုကာ ဒေါ်လေးjung က Baekတို့ဘက်ကို မျက်စပစ်ကာ မေမေ့ကိုပြောသည်။

Tao : " သားငယ်လေး ကို ဟိုတစ်ခါတုန်းကလိုပြောလိုက်မှာဆိုးလို့ပါ မမ Su ရယ် "

Chan : " ဟာ မေမေ ။ အဲ့တုန်းက ပေါက်စက မှားတာလေမေမေ။ပြီးတော့ ကျောင်းသားတစ်ယောက်ရန်ဖြစ်တာကို ကျွန်တော့် မှာရိုက်ပိုင် ခွင့်ရှိတယ် မေမေ။  အခုဟာက သူမှားတာမဟုတ်ဘူး မေမေ ။ ပြီးတော့သူကအခုကျွန်တော်ယောင်္ကျား ။ကျွန်တော်သူ့ကိုရိုက်ပြီးဆုံးမရမဲ့အရွယ်မဟုတ်တော့ဘူး ။ ဟူးကျွန်တော်သွားတော့မယ် မေမေ။ ပေါက်စ က ကြာရင် ကြိုက်မှာမဟုတ်ဘူး။ "

Chan ပေါက်စအတွက် ထမင်းစားလို့ရအောင် မေမေ့အိမ်ကယူချင်ပေမဲ့ စိတ်ကူးမရှိတော့တာကြောင့် Kai ကိုစားစရာတစ်ခုခုယူလာဖို့ ph နဲ့ message ပို့လိုက်ပြီး ပေါက်စ ဆီကိုပဲ တက်သွားလိုက်သည်။ သူတကယ် မေ့ထားခဲ့တဲ့ အကြောင်းရာကို မေမေက အစပြန်ဖော်တော့ စိတ်ညစ်သွားတာအမှန်။ အဲ့တုန်းက ပေါက်စ က အလယ်တန်းကျောင်းသားပဲရှိသေးသည်။ ကျောင်းမတက်ဘဲ ထန်းတောထဲ သွားကာ ထန်းရည်သောက်ပြီး ပြသာနာပါရှာလာတဲ့ ပေါက်စ ။ မူးတာမဟုတ်ပေမဲ့ ယိုင်တိုင်တိုင်ဖြစ်ပြီး လူတစ်ယောက်ရဲ့လက်ကို တက်နင်းမိသွားတဲ့ ပေါက်စ။ ပြန်မတောင်းပန်တဲ့အပြင် လက်ကိုသူသွားတဲ့လမ်းမှာလာထားတဲ့သူကို အပြစ်တင်လိုက်သေးသည်။ Chan အနေနဲ့ နားလည်ပေးလို့ရတယ်။ အူရိုင်းဖြစ်နေတဲ့အတွက် မသောက်ဖူးတဲ့ထန်းရည်သောက်မိလို့ မူးတယ်ဆိုတာကို။ အခုဟာက အသိစိတ်လည်းရှိနေသေးတယ် သူမှားတယ်ဆိုတာလဲ သိရက်နဲ့ ပြသာနာရှာတဲ့ ပေါက်စ ကို အဲ့တုန်းက အရမ်းကိုစိတ်ဆိုးမိသည်။ အဲ့တာကြောင့် ထန်းရည်ဆိုင်သွားတဲ့ ပေါက်စအပါအဝင် ကျောင်းသား 5 ယောက်ကို တုတ်နဲ့ခြေသလုံးကို 5 ချက်ဆီရိုက်ခဲ့သည်။ အဲ့တုန်းက ရွာမှာကျောင်းဆရာလိုလို့ Chan ကကျောင်းဆရာအနေနဲ့စာသင်ပေးခဲ့ရတဲ့နှစ်။ ရိုက်ပြီးနောက်ရက် ကျောင်းပျက်တာ ပေါက်စ တစ်ယောက်ထံ။ တစ်ခြားအရိုက်ခံရတဲ့သူတွေအကုန်လာသည်။ ပေါက်စ အိမ်သွားကြည့်တော့ သူ့ကိုရိုက်လို့တဲ့ Chan ကိုပြန်ရိုက်ခိုင်းကာ အစာငတ်ပြီး ဆန္ဒပြခဲ့သည့် ပေါက်စ။ စိတ်တိုကာ ပေါက်စ အခန်းရှေ့ထိသွားပြီး ပြောခဲ့တဲ့စကားတွေမနည်း နောက်ဆုံးစကားတစ်ခွန်းက တော်တော်ထိသွားသည်ထင်သည်။ မနက်ဖြန်ကျောင်းကျောင်းမလာရင် ကျောင်းထုတ်မည်ဟု ပြောခဲ့ပစ်သည်။ နောက်နေ့ ကျတော့ Chan ကို ကျောင်းကိုချက်ချင်းလာခဲ့ဟုသော ECမရဲ့အမိန့်ကြောင့် ပေါက်စ ကျောင်းတက်မတက်တောင်မသိ မြို့သို့သွားခဲ့ရသည် ။ အဲ့ကတည်းက ပေါက်စ ကသူ့ကိုကြောက်သွားပြီးစကားမပြောခြင်း။ အဲ့တုန်းကသူတို့နှစ်ယောက်ပြောဆိုနေတာကို မေမေ လည်းကြားခဲ့တာကြောင့် အခုလိုမျိုးပြန်ဖြစ်လာတော့ မေမေက အတိတ်ကိုပြန်သတိရသွားသည်ထင်သည်။ ကျွန်တော် အဲ့တုန်းက ကိစ္စကိုတမင်မေ့ထားခဲ့တာကို မေမေကပြန်ဆွဲထုတ်လေပြီ။ သေချာတာကတစ်ခုက ပြတင်းပေါက် က ကြည့်နေတဲ့ပေါက်စ ကြားသွားပြီဆိုတာက 100% အသေအချာ။ ကိစ္စတစ်ခုတောင် ဖြေရှင်းလို့မပြီးသေးခင် နောက်တစ်ခုဖြေရှင်းရအုံးမည်။ Chan အတွေးတွေကိုလက်စသတ်ကာ နဂိုထဲက ရှုပ်ပွနေတဲ့ဆံပင်ကို လက်ထည့်ကာထပ်ဖွလိုက်ရင်းအိမ်ပေါ်တက်သွားတော့သည်။
xxxxxxxxxxxxxxxxxxxx

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now