Ch-37

440 44 10
                                    

Uni

" ကိုယ် မေးနေတယ်လေ ပေါက်စ ဘာဖြစ်လာတာလဲလို့! ဟမ် "

" သူနဲ့အတူ Chen ရှိနေတာပဲ Chen သိမှာပေါ့ "

Chan ပေါက်စ ပခုံးကိုကိုင်ကာမေးပေမဲ့ ပေါက်စက ခေါင်းကိုတွင်တွင်ခါရမ်းကာ ငုံ့နေတာကြောင့် Chan စိတ်ပူပြီးအော်မေးမိသည်။ သူအော်မေးနေတုန်း အနောက်ကနေ Baek လှမ်းပြောလိုက်တဲ့အသံကြောင့် Chen ကို လှမ်းကြည့်မိသည်။ ထိုကောင်လေးပုံစံက အရမ်းဒေါသထွက်နေပုံပေါ်သည်။ သူ ဝင်လာ ကတည်းက တွန့်ချိုးထားတဲ့ မျက်ခုံးတွေက အခုထိမပြေသေး။ ထိုကောင်လေးဘေးကနေ Xui က စိတ်လျော့ဖို့ပြောနေသည်။ Lu han ကလေးမကလည်း အနားကနေ တတွတ်တွတ်ပြောနေသည်။ Sehun ကတော့ သူတို့နားထိုင်နေပေမဲ့ ဘာမှမပြော။ Xui ကို လှမ်းပြီး မျက်ရိပ်ပြလိုက်တော့ သူ့အနားလာကာ ခပ်တိုးတိုးပြောသွားသည်။ Chan နားထောင်နေရင်းမှာပဲ မျက်နှာကတစ်ဖြည်းဖြည်းတင်းမာလာသည်။ Xui က ပခုံးပုတ်ကာ Chen ကိုခေါ်ပြီးထွက်သွားသည်။ Sehun နဲ့ Luhan လည်းသူတို့နောက်ကလိုက်သွားကြသည်။ Kai နဲ့ Baek ကတော့ သူ့ကိုလှမ်းအော်ပြောပြီးကတည်းက ပြန်သွားကြသည်။ Chan ပေါက်စ ကိုတွဲကာ

" အလှူခံအဖွဲ့ လူစုံပြီဆိုတော့ ပြန်လို့ရပါပြီ ။ ယောင်္ကျားလေးတွေက မိန်းကလေးတွေကို အရင်လိုက်ပို့ပြီး ပြီးမှလူစုခွဲကြပေါ့ "

" ဟုတ်ကဲ့ ဆရာလေး ။ ကျွန်တော်တို့က လူစုပြီးဝိုင်းထောင်အုံးမှာဆိုတော့ အဆင်ပြေပါတယ် "

" အဲ့တာဆို ကျွန်တော်တို့ပြန်ပြီ "

ကာလသားတွေကို စကားအပြတ်ပြောပြီး KS ကိုမချီရုံတမယ် လှည့်ထွက်လာခဲ့သည်။ ဓမ္မာရုံလှေကားရောက်တော့ ပေါက်စ အတွက် ဖိနပ် မရှိ။ ပေါက်စခြေထောက်လေးတွေကြည့်မိတော့ ခြေထောက်လေးက သွေးခြည်ဥက ရဲနေသည်။ Chan လက်သီးကိုခပ်တင်းတင်းစုတ်မိသည်။ အလျှင်အမြန်ပဲ ပေါက်စ ကို
ပွေ့ချီလိုက်သည်။ KS အလန့်တကြား
Chan ရဲ့လည်ပင်းကို သိုင်းဖက်မိသွားသည်။ Chan ရင်ခွင်ထဲက အကောင်ပေါင်လေးကိုကြည့်ကာ ဘယ်သူ့မှဂရုမစိုက်ဘဲ ဓမ္မာရုံကထွက်လာခဲ့သည်။

KS အကို့ ရင်ခွင်ထဲကနေ ပြုံးနေမိသည်။ ဒါပေမဲ့ ရွာအရှေ့ပိုင်းကနေ သူတို့အိမ်ထိပွေ့သွားမှာက ရှက်ဖို့ကောင်းတာကြောင့် အကို့ရင်ခွင်ထဲ ပိုပြီးတိုးဝင်မိသည်။ အကိုက သူ့အပေါ်ထပ်အင်္ကျီကို ခြုံပေးထားတာကြောင့် KS မျက်နှာလေးပဲပေါ်နေသည်။ မိုးတိတ်သွားတာကြောင့် မြေသင်းနံ့လေးတွေက သင်းပျံ့နေသည်။ ဒါပေမဲ့ မြေသင်းနံ့တွေက အကို့ရဲ့ကိုယ်သင်းနံ့လောက်တော့ မမွှေး။ KS အကို့ ရဲ့လက်ပေါ်မှာ အကိုရဲ့ ကိုယ်သင်းနံ့ကို ခိုးရှုရင်းလိုက်ပါလာခဲ့သည်။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now