Ch-46

345 45 2
                                    

Uni

Chan ပေါက်စတို့အဖွဲ့ မီးထွန်းနေဖို့ပြင်နေတာကို မြင်တာကြောင့် သူကင်းလှည့်ရမည့်တာဝန်ကို သူ့ဘေးက ကောင်လေးတစ်ယောက်ကို အစားထိုးခိုင်းလိုက်ပြီး သူကတော့ ပေါက်စကို လှမ်းကြည့်နေမိသည်။ ဆီမီး ထွန်းပြီးတာနဲ့ သွားချော့ဖို့ စဥ်းစား ထားသည်။ ဒီလိုညလေးမှာ ပေါက်စနဲ့အတူရှိနေချင်တာ သူ့ဆန္ဒတစ်ခု။ သူ ပေါက်စကိုငေးကြည့်နေတုန်း သူ့ဘေးက ယွန်းတို့ဖြတ်သွားတာတောင်မသိလိုက်။ ပေါက်စတို့ဘေးရောက်သွားမှမြင်သည်။ သို့သော် သူ့အာရုံက ပေါက်စတစ်ယောက်ဆီထံသာ။ နောက်တော့ဘာဖြစ်ကြတယ်မသိ ပေါက်စသူငယ်ချင်းတွေ မီးထွန်းနေရာက တစ်ယောက်ပြီးတစ်ယောက်ထလာကြသည်။ သူကြည့်မိသလောက် ဒေါသထွက်နေသည့်ပုံပင်။ ပေါက်စကတားနေတာမြင်တော့ သူပြုံးမိသွားသည်။ ပေါက်စက လူဆိုးလေးမှမဟုတ်ဘဲ။ သူ့ကြည့်နေတုန်းဘေးက ကောင်မလေးတစ်ယောက်စကားလာပြောတာကြောင့် သူပြန်ပြောနေရတာကြောင့် ပေါက်စတို့ဘက်ကို သိပ်အာရုံမစိုက်မိ။ တစ်ချက်တစ်ချက်တော့ လှမ်းကြည့်မိသည်။ မီးထွန်းပြီးလို့ဘုရားကနေပြန်လာတဲ့သူတွေမြင်တာကြောင့် ပေါက်စဆီသွားဖို့စကားဖြတ်ဖို့ကြိုးစားပေမဲ့ ကံဆိုးချင်တော့ ဂျီယွန်းတို့ရောက်လာလေသည်။ သူ့အနားကပ်ကာ စကားတွေလာပြောနေကြတာကြောင့် သွားမရပြုမရ။ စိတ်တွေကျဥ်းကျပ်နေသည်။ ဟိုနှစ်ကောင်ကတော့ ဘယ်ပျောက်သွားမှန်းပင်မသိ။ သူစိတ်ညစ်နေတုန်း ပေါက်စဆီအကြည့်ပို့မိတော့ ကောင်လေးတစ်ယောက်လက်ကို ဆွဲကာ သူ့ရှိတဲ့နေရာကိုလာနေသည်။ ဒါပေမဲ့ သူရှိနေတာကို သိရက်နဲ့ ယောင်လိုတောင်စောင်းမကြည့်။ ရင်ဘတ်တစ်ခုလုံးတစ်ခုခုက ဆွဲညစ်လိုက်တင်းခနဲ။ ပေါက်စကတော့ဘာကိုမှဂရုမစိုက်စွာ ဘေးကဆိုင်မှာဝင်ထိုင်ရင်း သူစားချင်တာမှာစားနေသည်။ အကုန်လုံးကလည်းသူတို့နှစ်ယောက်အထူးအဆန်းကြည့်နေကြသည်။ စကားပြောနေတာကို စိတ်မရောက် ပေါက်စဆီပဲစိတ်ရောက်နေမိသည်။

" ခန ကျွန်တော်သွားမှဖြစ်မယ် "

ဘေးကတစ်ယောက်ကို စကားဖြတ်ကာ ပေါက်စဆီ​သွားမိသည်။

" ပေါက်စ!! "

ခေါ်နေတာကို မသိချင်ယောင်ဆောင်နေသော ပေါက်စကိုကြည့်ကာ ဆွဲဆောင့်ပစ်ချင်သည်အထိ အသည်းယားမိသည်။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now