Ch-26

403 45 6
                                    

Uni

KS တစ်ယောက် Baek တို့ကိုမျက်ခြေဖျက်ကာ တောလမ်းလေးအတိုင်းတစ်ယောက်ထဲထွက်လာခဲ့သည်။ ဘယ်သွားမယ်ဆိုတာတောင်မပြောခဲ့။ သေချာတာကတော့ အိမ်ပြန်ရင်သူ့အပြစ်ကလွတ်ဖွယ်မရှိ။ သိရက်နဲ့ထွက်လာခဲ့သည့်တိုင်အောင် သူနောင်တမရ။ အခုတော့ သူချိန်းထားတဲ့နေရာကိုရောက်အောင်သွားဖို့ပင်။ သူရောက်သွားလူတောင်စုံနေပြီ။

" နောက်ကျလိုက်တာ Soo ရာ "

" ခေါ်ပြန်ပြီလား &%$ "

" မင်းနော် ယောင်္ကျားရမှဆက်ဆက်ထိမခံဖြစ်နေတယ် "

" ဘာဖြစ်လဲ မင်းတို့တောင်ယောင်္ကျားမပြောနဲ့ မိန်းမတောင်ရှိလို့လား"

" ဟာ ဖဲ့တယ်ကြည့်စမ်း "

" တစ်စိတ်ရှိဒါပဲလာလာထိခိုက်နေတာ"

" အေးလေ ငါတို့က မယူတာမဟုတ်ဘူး ။ မလိုချင်တာ "

" အေးပါကွာ နှစ်ချို့ FA လေးတွေရယ် 😂 "

" ရယ်နေပါ ဟွင့် မင်း အိမ်ကနေဒီအထိထွက်လာတာသိလို့ကတော့ "

" ဘာဖြစ်လဲ ငါ့မှာ ကိုကို တစ်ယောက်လုံးရှိတာ "

" အေးပါကွာ အိမ်ထောင်သည်အမျိုးသားကြီးရယ် "

" ဟား ဟား ဟား "

သူတို့အကုန်ပေါ့ပေါ့ပါးပါးရယ်မိကြသည်။ တကယ်တော့ KS ရှေ့မှာရပ်နေကြတာက သူ့သူငယ်ချင်းတွေ။ ကျောင်းမှာဘယ်သူမှမပေါင်းရဲတဲ့ လူဆိုးလို့ပြောရမလား လူမိုက်လို့ပြောရမလား ဘယ်လိုပဲဖြစ်ဖြစ် သူတို့က KS ရဲ့သူငယ်ချင်းတွေပင်။ သူတို့သုံးယောက်ရဲ့ဖြစ်တည်မှုကြောင့် အခုလိုခိုးကြောင်ခိုးဝှက်တွေ့ရခြင်း။

" ဒါနဲ့ငါတို့အမြဲဒီလိုတွေ့နေရမှာလား"

" KS ရယ် ဒီလိုမတွေ့လို့ဘယ်လိုတွေ့ချင်သေးတာလဲ "

" မင်းတို့......"

ဆိုပြီးရပ်သွားတဲ့ KS ကြောင့် ၃ ယောက်လုံး KS ပြောချင်တာကိုနားလည်လေသည်။ အခုဆို KS က အိမ်ထောင်သည် ။ အခုလိုခိုးတွေ့နေတာသာမိသွားရင် မိုးမီးလောင်မည်မှာမလွဲ။ သူတို့ဘယ်လောက်ရိုးသားတယ်ပြောပြော ပတ်ဝန်းကျင်ကသိသွားရင် ရိုက်ခတ်လာမှာက KS ပင်။ နောက်ပြီး သူတို့သိပါသည် KS စိုးရိမ်နေတာကို ။ အဲ့တာကြောင့်ဒီကအပြန် အလင်းပြန်ဝင်ဖို့သူတို့ဆုံးဖြတ်ထားလေသည်။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now