Extra(1)

805 51 21
                                    

Uni

" ကိုကို ကိုကြီး ရေ Chan ရေ yodaလို့!! ဘယ်နားသေနေလဲ yeolliရေ ခေါ်နေတာ မကြားဘူးလား လားလား အား မေမေ သေပြီ "

ရွာရဲ့စပ်စလူးစိန်အသံလေးက  ရွာလယ်ပိုင်းရဲ့အိမ်လေးတစ်ခုမှာ ဟိန်းထွက်နေသည်။ Kyungsoo တစ်ယောက် Chan ကိုပေါက်တက်ကရ မျိုးစုံခေါ်ကာ အိမ်ပေါ်ပြေးတက်လာတဲ့ Kyungsoo ကို Suho ကတံခါး‌ဝကနေနားရွက်လိမ်ဆွဲကာ ခရီးဦးကြိုပြုလေတော့သည်။

" အား ဖေကြီး‌ရေ ဖေဖေ့မိန်းမ ကျွန်တော့်မေမေ ကျွန်တော့်ချစ်ခင်ပွန်းရဲ့ယောက္ခမကြီး ကျွန်တော့်မွေးသမိခင်ကြီးက ကျွန်တော်ကိုနိုပ်စက်နေတယ် လာခေါ်ပါအုံး....အုံး.....အား....မေမေ နာတယ်လို့ဆို "

" ဒီလောက်လိမ်ဆွဲနေတာကို နင့်ပါးစပ်က အဲ့အသံတွေထွက်နိုင်သေးတယ်ပေါ့ ဟုတ်လား Kyungsoo ဟမ် ကြိမ်လုံးစာမိချင်နေတယ်ပေါ့ "

" အဲ မမိချင်ဘူးကြောက်တယ် ဟီး ပြောတော့ဘူး ဒါနဲ့ ကျွန်တော့ယောင်္ကျားရော "

"ဒေါက် ဂွပ် အ "

" ကလေးဖြင့်ရနေပြီ နင့်ရဲ့အချိုးဘယ်တော့မှပြင်မှာလဲ Kyungsoo နောက်တစ်ခါ အသံထက်ထွက်လာကြည့်စမ်း Kyungsoo နင့်သားကို ရိုက်မဲ့တုတ်က နင့်ဆီရောက်လာလိမ့်မယ် "

" ဟင် kyungလေး ကိုရိုက်မယ် ဘာဖြစ်လို့......."

KS တစ်ယောက် အခုမှ အိမ်ထဲမှာဘယ်သူတွေရှိလဲကြည့်မိတော့ အိမ်သားတွေအကုန်စုံနေသည်။ အိမ်သားတွေဆိုတာက ဖေဖေနဲ့မေမေ ပြီးတော့ ယောက္ခမကြီးတို့ရော Chan နဲ့သားရော အဲ့တာအပြင်ကို luluတို့မိသားစု အဲ့ထက်ဆိုးတာက Chen တို့အတွဲပါ ရောက်နေခြင်း။ မေမေတို့က Baek ထွက်သွားကတည်းက စိတ်မကောင်းလို့ Baek Chen Lulu တို့ကို အိမ်သားစာရင်းထဲထည့်ခဲ့ခြင်း။ တစ်ရွာလုံးလည်းသိကြသည်။ အခု Baek ကလွဲလို့ အကုန်ရှိနေသည်။ တစ်ခါမှ လူမစုံဖူးစဖူးစုံနေတာကြောင့် Kyungsoo ကြောင်သွားသည်။ နောက်ပြီး Kyungလေးကို ရိုက်မယ်ဆိုပဲ။ သူရိုက်မယ်ဆိုတာတောင် ဝိုင်းတားကြတဲ့အိမ်သားတွေက ရိုက်မယ်ပြောလာတော့ ထူးဆန်းနေတာအမှန်။ Kyungလေးက သူလိုချင်လွန်းလို့ အိမ်နဲ့အတိုက်အခံလုပ်ရုံတင်မဟုတ် ကိုကိုနဲ့ပါ  အတိုက်အခံလုပ်ပြီးမွေးထားရတဲ့တစ်ဦးတည်းသောသားလေး။ ဒါပေမဲ့ ထွက်လည်းလာရော သူတောင်မချီရ  တစ်အိမ်လုံးလက်ထဲမှာကြီးလာတဲ့ကောင်လေး။  သူကတော့ Kyungလေးလို့ခေါ်ပေမဲ့အကုန်လုံးက သားသားလို့ခေါ်ကြသည်။ ဒါပေမဲ့ ပေါက်စရဲ့သား ရွစိန်လို့ခေါ်ကြ‌သေးသည်။ အဲ့နာမည်‌က သိကြတဲ့အတိုင်း Lulu နဲ့ Chen ရဲ့စနက်တွေပေါ့။ Lulu ရဲ့သား Hun Han လေးကလည်း kyung လေးကိုအရမ်းချစ်ကာ အလိုလိုက်တက်သည်။ ညီလေးဆိုတာက ပါးစပ်ဖျားက မချ။ 5 နှစ်အကွာမှာ ရလာတဲ့ညီလေးကို လက်ကမချနိုင်အောင်ချစ်လေသည်။ တစ်အိမ်လုံးအလိုလိုက်ခံရတဲ့ Kyung လေးဆိုးတာတော့ မဆန်း။ Chan ကပါ အလိုလိုက်ထားတော့ ပိုဆိုးသည်။ ဒါပေမဲ့ Kyung လေးလုပ်တဲ့အပြစ်တွေကို Kyungsoo ပြန်မသိစေနဲ့ သိရင် Kyungsoo က Chan ထက်လက်စပြင်းသည်။ ဘယ်တော့မှ အလျော့မပေး။ တစ်အိမ်လုံးမှာ Kyung လေးကြောက်တာ Kyungsoo တစ်ယောက်သာရှိသည်။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now