Ch-45

354 45 2
                                    

Uni

ည ဘုရားပွဲ မှာ ဆီမီး ထွန်းရမှာ ကြောင့် KS တို့အဖွဲ့ဘုရားမှာလူစုံနေကြသည်။ Baek ကိုတော့ အနွေးထည်ထူထူဝတ်ကာခေါ်လာကြသည်။ အိမ်ထဲမှာ​နေရင်း ခေါင်းမကြည်မှာစိုးတာကြောင့် ခေါ်လာကြခြင်း။ လူတွေစုကာ ဟာသတွေပြောနေကြသည်။ မြို့ကသူငယ်ချင်းတွေပါ ရောက်နေတာဆိုတော့ အဖွဲ့တောင့်က တဖွဲဖွဲရောက်လာတဲ့ ကောင်မလေးတွေကိုငမ်းကြောထနေတဲ့သူထနေကြသေးသည်။ ဘုရားမှာတောင် မရှောင်တဲ့ KS ရဲ့နှာဘူးသူငယ်ချင်းတစ်သိုက်။ လွယ်မနေဘူး တကယ့်ကောင်တွေ။ KS မပါဘူးထင်ရင်မှားသွားမည်။အိိမ် ပြန်ရောက်ကတည်းက Chan ကိုစိတ်ကောက်နေတာကြောင့် သူပါ မျက်စိအစာကျွေးနေသည်။ ငရဲကြီးတော့လည်း သေးသေးလေးမဟုတ်လို့နေမှာပေါ့။ KS ဆိုတဲ့ သူ နဲ့မှမဆိုင်တာ ။ အနေသာကြီးပါနော်။ (ကယ်တင်ပေးလိုက်ကြပါအုံး စိတ်ကောက်ပြီး မိန်းမကလေးတွေကို ငမ်းနေတဲ့အကိုကြီးဒိုပြူးကို)
KS တို့အဖွဲ့မျက်စိအစာကျွေးလိုက် ဟာသတွေပြောလိုက်နဲ့ဟုတ်တော့ ဟုတ်နေသည်။ သူတို့ရှေ့ကဖြတ်သွားတဲ့ သူတွေကလည်း သူတို့ကိုကြည့်သွားကြသည်။ အကုန်လုံး ပုဆိုးတွေ လုံချည်တွေဝတ်ထားကြပေမဲ့ KSရဲ့ ပုဆိုးကွက်စိပ်အပြာလေးနဲ့ရှပ်အင်္ကျီလက်ရှည်အပြာလေးက အကုန်လုံးထဲမှာထင်းနေသည်။ Baek  နဲ့ Chen သည်လည်း အဖြူရောင်ရှပ်အင်္ကျီလက်ရှည် အနီရောင်ကွက်စိပ်ပုဆိုးနဲ့ ခဲရောင်ရှပ်အင်္ကျီလက်ရှည် ခဲရောင်ပုဆိုးလေးတွေနဲ့ ကြည့်ကောင်းနေကြသည်။

ည ဘုရားပွဲ မှာ ဆီမီး ထွန်းရမှာ ကြောင့် KS တို့အဖွဲ့ဘုရားမှာလူစုံနေကြသည်။ Baek ကိုတော့ အနွေးထည်ထူထူဝတ်ကာခေါ်လာကြသည်။ အိမ်ထဲမှာ​နေရင်း ခေါင်းမကြည်မှာစိုးတာကြောင့် ခေါ်လာကြခြင်း။ လူတွေစုကာ ဟာသတွေပြောနေကြသည်။ မြို့ကသူငယ်ချင်းတွေပါ ရောက်နေတာဆိုတော့ အဖွ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now