Ch-19

475 48 7
                                    

Uni

Chen နဲ့ Baek လေး Seyong ဆိုတဲ့ကောင်ကိုကျိမ်းပြီး KS အိမ်ကိုချက်ချင်းပြေးလာခဲ့ကြသည်။Luhan ကတော့ နောက်ကနေလမ်းလျှောက်ပြီးသာလိုက်ခဲ့တော့သည်။ အိမ်ရောက်ရောက်ချင်း ဒေါ်လေး Taoနဲ့ ဒေါ်လေး Jung ကိုမြင်လိုက်ရတာကြောင့် သေချာပါတယ် KS တို့အကြောင်းသိနေပြီဟု။

Baek ကအသံတိုးတိုးဖြင့်

Baek : " ဘယ်ခွေးသူတောင်းစားကလာပြောသွားတာလဲဟ "

Chen ကလည်း

Chen : " အဲ့လောက်ပြောချင်နေတဲ့ပါးစပ် ပြောင်းဖူးရိုးနဲ့ကိုစို့ပစ်မယ်။ "

နှစ်ယောက်သားပွစိပွစိပြောနေပြီးခြံရှေ့ရပ်နေတာကို ဒေါ်လေး Tao မြင်သွားလေသည်။

Tao : " သားတို့ လာလေ အိမ်ရှေ့မှာရပ်မနေနဲ့ "

Baekနဲ့Chen ချက်ချင်းပင်အိမ်ထဲဝင်လိုက်သည်။

Baek : " ဒေါ်လေး KS ရောဗျ "

Baek ဒေါ်လေးတို့ကိုကိုမေးတော့

Suho : " မင်းတို့သူငယ်ချင်းအခန်းထဲက ထွက်မလာဘူး သား။ ဘယ်သူမှလဲ ဝင်မလာဖို့ပြောနေတယ် ။ ဒီလောက်ဖြစ်လာတာတောင် သူက ခေါင်းမာနိုင်တုန်း "

Chen : " သူ့အမှား မဟုတ်ပါဘူး ဒေါ်လေး "

Suho : " သားငယ် အမှားမဟုတ်မှန်းသိပါတယ်။ ဒါပေမဲ့ သားငယ်လေးက........ "

ဆက်မပြောဘဲရပ်သွားတဲ့ ဒေါ်လေးSuhoကြောင့် ဒေါ်လေး Suho စိတ်ပူနေတာကို Chenနဲ့Baek နားလည်သည်။ ရွာထဲမှာတစ်ခုခုဖြစ်လာတိုင်း KS ရဲ့နာမည်က ထိပ်ဆုံးကပါလာတက်သည်။ အဲ့တာက KS မှားမှားမှန်မှန် KS မှားသည်ပင်။ အစကတော့ KS အမှား။ နောက်ပိုင်းအမှန်ကိုသိသွာတာတောင်မှ KS နာမည်ကိုဖြတ်ချင်တဲ့သူကရှိသေးသည်။ အခုလည်း KS ကိုမလိုသူကပဲသတင်းတွေဖြန့်လိုက်သည်ထင်သည် ။ Chen နဲ့ Baek အိမ်ပေါ်မတက်ပဲ အိမ်အောက်ကနေပဲ KS ဆင်းလာမဲ့အချိန်ကိုပဲစောင့်ရတော့မည်။ သူတို့နှစ်ယောက်ကိုပါ တံခါးဖွင့်ပေးမဲ့ပုံမပေါ်။ Ks တို့အခန်းရဲ့ပြတင်းပေါက်ကိုငေးရင်း ဆရာ Chan ပြန်လာဖို့နှစ်ယောက်စလုံးတွေးမိလိုက်ကြသည်။ သူတို့အတွေးမှန်တယ်ပြောရမည့်ပုံ။ အိမ်ရှေ့အပြေးတစ်ပိုင်းရောက်ချလာတဲ့ ဆရာ Chan ။ သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ကိုကြည့်ပြီး အဓိပ္ပါယ်ပါပါ ပြုံးလိုက်မိသည်။ သူတို့နှစ်ယောက်အပြုံးရဲ့အဓိပ္ပါယ်က ဆရာChan KS ကိုဘယ်လောက်စိတ်ဆိုးစိတ်ဆိုး နောက်ဆုံးပြန်ချော့ရတာက ဆရာChan ဟုပင်။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now