Ch-32

406 45 2
                                    

Uni

အခုရက်ပိုင်း KS နဲ့ Chan ကြားမှာ ဘာပြဿနာမှမရှိတော့ဘဲ အေးချမ်းနေသည်။ နောက်ပြီး KS သူ့သူငယ်ချင်းတွေရဲ့အကြောင်းကို အကုန်ဖွင့်ပြောပြီး အကို Jong In ကို အကူညီတောင်းတော့ ကူညီမယ်တဲ့လေ။ သူလည်း အမှုက ထင်သလောက်မရိုးရှင်းဘူး ဆိုတာ သိနေသည်တဲ့လေ။ ရွာကိုလာနေရတဲ့အကြောင်းရင်းကလည်း အမှုကို လာစုံစမ်းတာဖြစ်ကြောင်း။ အစကတည်းက ပွင့်ပွင့်လင်းလင်းမပြောလို့ဆိုပြီး သူ့ဆီသွားတိုင်း အခေါက်ချည်းခံနေရတာကြောင့် ပတ်ပြေးနေတာလည်း အလုပ်တစ်ခု။ သူစုံစမ်းရလွယ်အောင် ph နံပါတ်တောင်မဟုတ် ph တောင်ပေးထားတဲ့ဟာကို အဲ့လူကြီးဟုတ်ကိုမဟုတ်ဘူး။ ခေါင်းထဲမှာ အကို Jong In ကို ပညာပြန်ပေးဖို့အတွေးတွေစီလျက်။ သူတွေးနေတုန်း

" KS ရေ KS အလှူခံသွားရအောင် "

ဟုအိမ်ရှေ့ကခေါ်သံကြောင့် သူထကြည့်တော့ Baek တို့ ကျန်တဲ့ရွာက လူငယ်တွေလည်းပါကြသည်။ Baek ကိုမြင်တော့ သူ့ခေါင်းက အချက်ပြလာသည်။ အကို Jong In က Baek ကို ကြိုက်နေသည်ပဲ။ လက်စားချေဖို့ အခွင့်အရေးကြီးတစ်ခုလုံးကို မျက်စိရှေ့မြင်လိုက်ရတာကြောင့် KS မျက်နှာကြီး ပြုံးဖြီးဖြီးနဲ့ စကားပြန်ပြောကာ အဝတ်အစားလဲကာ အိမ်အောက်သို့ ဆင်းလာခဲ့သည်။ မေမေတို့က အရင်တုန်းက အတိုင်းဆို တားမှာသေချာပေမဲ့ အခုချိန်က အရင်လိုမဟုတ်တော့ ဘာလို့ဆို ဟိုနေ့ကသူ့ကို ရိုက်ပြီးကတည်းက စိတ်မကောင်းဖြစ်ပြီး သူဘာလုပ်လုပ်ခွင့်ပြုထားသည်လေ။ ရွာဘုရားပွဲအတွက် အလှူခံထွက်တာကြောင့် KS ပုဆိုးနဲ့ရှပ်အင်္ကျီဝတ်ကာ ဆင်းလာတော့ မမြင်ဖူးသလိုကြည့်နေကြသည်။ ကြည့်တာမဆန်း ။ ဆန်းနေတာက KS ။ ဘယ်တော့မှ ပုဆိုးမဝတ်ဘဲ ဘောင်းဘီတွေချည်းဝတ်တဲ့ KS က ပုဆိုးဝတ်ထားတော့ ဝိုင်းကြည့်ကြတာ မဆန်း ။ KS ဆိုတာ ရွာဘုရားပွဲကြမှ ပုဆိုးဝတ်သည့်အမျိုး။ ပြီးတော့ ရွာမှာ အချောဆုံး ယောင်္ကျားလေး 10 ယောက်ထဲတွင် သူပါသည်လေ။ အဲ့တော့ရွာရဲ့ကာလသားပျို/သမီးပျိုတွေ ကြည့်ကြတာက KS အတွက် ထုံးစံလိုပင် ။

KS အိမ်တံခါးကိုသော့ခတ်ပြီး အမေ( Tao )တို့အိမ်ကိုကူးသွားလိုက်သည်။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now