Ch-29

392 42 5
                                    

Uni

KS ကို ရှာမရတာကြောင့် အကုန်စိတ်ပူနေကြသည်။ နာရေးတစ်ဖက်နဲ့ KS ကို ရှာလို့အဆင်မပြေ။ သူတို့အကုန်လုံး လက်လျော့လိုက်ကြသည်။ အချိန်တန်ရင် ပြန်လာကောင်းပါရဲ့။ နာရေးအတွက် သူတို့အကူညီပေးကြရအုံးမယ်မလား။ Chan သည်လည်း ညတောင်မအိပ်နိုင်။ သူ့မှာ ဆုံးသွားတဲ့ လူအတွက် ဝမ်းနည်းနေရသလို ပေါက်စ အတွက် သူ့မှာအပူမငြိမ်းနိုင်။ ပေါက်စ အကြောင်း သိရဲ့သားနဲ့ သူကိုယ်တိုင် ပါးစပ်က လျှာရှည်မိခြင်း။ ကိုယ့်ကိုယ်သာအပြစ်တင်ရင်း အလုပ်တွေသာဖိလုပ်နေမိသည်။ Kai Sehun Xuimin တို့လည်း Ks ကိုလိုက်ရှာချင်ပေမဲ့ လူလွှတ်ပြီးပဲရှာခိုင်းထားသည်။ Baek Chen နဲ့ Luhan တို့ကတော့ မျက်ရည်စတွေနဲ့ Ks အနားမှာမရှိမှ အရမ်းကိုလွမ်းနေသည်။ KS အကြောင်းကို သိရဲ့သားနဲ့ KS ကိုစိတ်ဆိုးခဲ့တာက သူတို့ရဲ့မဟာအမှားကြီးပင်။ KS ပြန်လာဖို့သာ ဆုတောင်းရင်း ။

နောက်တော့ နာရေးအိမ်မှာအလုပ်ကူလုပ်နေတဲ့ Chen ဆီက စကားသံထွက်လာသည်။ 

Chen : " ဟုတ်သား Baek မင်းနဲ့ငါ အိမ်မပြန်ဘဲ ဒီမှာနေရအောင် "

ရုတ်တရပ်ပြောလာတဲ့ Chen ကြောင့် Baek ကြောင်သွားသည်။

Baek : " ဘာလို့လဲ "

Chen : " KS သူ့ဒီကိုလာမယ်လို့ ငါထင်တယ် "

Lu : " ဟင် တကယ်ကြီးလား "

Baek : " မင်း​ဆိုလိုတာက........အာ ငါသိပြီ။ သူလာမှာပါ "

မလှမ်းမကမ်းမှာထိုင်နေတဲ့ Kai တို့ကလည်း Chen တို့ကို လှည့်ကြည့်လာကြသည်။

Chen : " သူရွာကထွက်မသွားသေးဘူး "

Baek : " သေချာတာပေါ့ ။ ဘယ်မှာရှိလည်းတောင် ငါတွက်ပြီးသွားပြီ "

Chen : " အဲ့တာတော့......"

Baek : " မတုံးစမ်းနဲ့ Chen မမှတ်မိဘူးလား "

Chen : " အာ ငါသိပြီ!! ။ မင်းသာငတုံး ငါပြောမှသိပြီးတော့ "

Baek : " မင်းသာ သုံးစားမရတာ "

Chen : " မင်း..."

Chen နဲ့ Baek အပြန်အလှန်သတ်နေကြတာကြောင့် လူတွေဝိုင်းကြည့်လာကြသည်။ တကယ်ပါ နာရေးမရှောင်ဘာမရှောင် သတ်နိုင်တဲ့နှစ်ယောက်ပါပေ။ Luhan ကလည်း ကြားထဲကနေစိတ်မရှည်တာနဲ့ တစ်ယောက်တစ်ချက်စီပိတ်ရိုက်ပစ်သည်။

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now