Uni
မနက်ခင်းနေရောင်ခြည်ဟာ ပြတင်းပေါက်တစ်ခုကို ဖြတ်သန်းလျက်......Chan ရင်ခွင်ထဲကအကောင်ပေါက်လေးက တအင်းအင်းဖြင့်လှုပ်ရွလာသည်။ Chan ရင်ခွင်ထဲက လှုပ်ရွနေသောအကောင်ပေါက်လေးကို မသိချင်ယောင်ဆောင်ကာ ဖက်ထားတဲ့လက်ကိုတင်းအောင်ဖက်ကာ ပြန်အိပ်နေသည်။
" အင်း ကိုကို ထတော့လေ "
" ငြိမ်ငြိမ်နေ ပေါက်စရာ "
" ဟင့် ကိုကို ကျွန်တော်အသက်ရှုကျပ်နေပါပြီဆို "
" ခနလေး 5 မိနစ် "
" ဟာ ကိုကို "
" ငြိမ်ငြိမ်နေမလား ကိုကို ရှေ့ဆက်တိုးရမလား "
" အဲ "
ငြိမ်ကျသွားတဲ့ KS ကို Chan တင်းတင်းဖက်ကာ ပြန်အိပ်သွားသည်။ KS မှာတော့ Chan ရင်ခွင်ထဲငြိမ်ငြိမ်လေးနေကာ Chan မျက်နှာအစိတ်ပိုင်းတစ်ခုချင်းစီကိုငေးကြည့်နေသည်။
.
.
.
.
.
.
.
" ကြည့်မဝဘူးလား ပေါက်စ "" အင်း "
" ပေါက်စ ကိုကို့ကို အဲ့လိုစိုက်ကြည့်နေတော့ ကိုကို ဘယ်အိပ်ပျော်မလဲ ပေါက်စရဲ့ "
" အိပ်လို့ရနေတာဟာကို ကျွန်တော်ငြိမ်ငြိမ်လေးနေတယ်လေ "
Chan မှေးနေရာကမျက်လုံးတွေဖွင့်လာကာ
" ဟက် ဒီကအဆိုးလေးက ကိုကို့ကို စိုက်ကြည့်နေတော့ ကိုကိုကရင်ခုန်သွားတာလေ "
" အဲ့တော့ ကိုကို ကချစ်ဖူးလား "
ရင်ခွင်ထဲမျက်နှာအပ်ကာ ပြောလာတဲ့ပေါက်စလေးက သူ့ရဲ့အသက်ဗူးလေး။ ဆံပင်လေးကို ခပ်ဖွဖွနမ်းရင်
" ချစ်တာပေါ့ဗျာ ကိုယ့်ပေါက်စလေးကို "
" ဟီး "
" အလည်လေး ထတော့မလား "
" အင်း ကိုကို ကျောင်းသွားရအုံးမယ်မလား "
" ဟုတ်တယ် ပေါက်စလေး "
" ကျွန်တော်လေး Baek အိမ်သွားမလို့ "
" ကိုကို လိုက်ပို့မယ်လေ တူတူသွားကြတာပေါ့ "
" လိုက်မပို့နဲ့ကိုကို ကိုကိုသိပါတယ်"