Part-4

5.3K 231 2
                                    

Unicode

~~🏞ငွေမြို့တော်မှ
                               အမုန်းမြို့ရိုး🏞~~
အပိုင်း(၄)

သုံးရက်တိုင်တိုင် ပင်လယ်ပြင်တွင် ရွက်လွင့်ပြီးနောက် ကျွန်းတစ်ခုအနားတွင် သင်္ဘောကာ ရပ်တန့်သွား၏။

ဘယ်အရပ်ဒေသသို့ရောက်ပြီး ဘယ်နေရာကို ရောက်နေပြီမှန်းလည်း သူမမသိပါ။ သင်္ဘောပေါ်ကဆင်းတော့....

"ဒီအထုပ်တွေမင်းသယ်... "

လူပေါ်ပစ်ချလာသည့်အထုပ်ကိုကြည့်ပြီး မယ့်မျက်လုံးတွေပြူးကျယ်သွားကာ..

"ဒီအထုပ်ကြီးကြီးကိုသယ်ရမယ် ကျွန်မ မနိုင်ဘူး "

"မနိုင်လည်းသယ်ရမယ် မင်းသမီးလို ကြော့ကြော့လေးသွားချင်လို့မဘူး ဒီနေရာမှာမင်းကငါ့ကျွန်သက်သက်ပဲ "

ရင့်သီးသောစကားကြောင့် မယ် နူတ်ခမ်းလေးကို ခပ်တင်းတင်းဖိကိုက်ထားမိပြီး

"ကျွန်မကမိန်းကလေးလေ ဘယ်လိုလုပ်ဒီဟာကိုသယ်..."

"ဘုတ်..."

မယ့်စကားမဆုံးလိုက်။ သူမရှေ့နောက်တစ်ထုပ် ထပ်ကျလာသဖြင့် လန့်ဖျပ်သွားသည်။ သူကမယ့်ကို တင်းမာသောမျက်ဝန်းများဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေရင်း

"နှစ်ထုပ်လုံးသယ်.."

"ဟင်..."

"မိန်းမဆိုပြီး မင်းဒီမှာဘာအခွင့်အရေးမှရဖို့ မမျှော်လင့်နဲ့ နောက်ထပ်စကားတစ်ခွန်းထပ်ထွက်လာကြည့် မင်းရှေ့ကိုနောက်တစ်ထုပ်ထပ်ရောက်လာမယ်"

သူ့စကားကြောင့် မယ်စောဒကမတက်ရဲတော့ပေ။ အခုတောင် လူကိုမညှာမတာနှင့် တစ်ထုပ်ထပ်ပစ်ပေးလိုက်သည်မဟုတ်လား။ အံကိုတင်းတင်းကြိတ်ပြီး အထုပ်နှစ်ထုပ်ကို မရမကဆွဲသယ်လာလိုက်သည်။

သို့သော် ဘယ်လောက်မှမသွားရလိုက်ပါ။ အထုပ်တွေနှင့်အတူ လူကယိုင်ကျသွား၏။ လက်တွေလည်းနီရဲကာနာကျင်လာသဖြင့် မျက်ဝန်းတွင်မျက်ရည်စလေးတွေပင် ရစ်တွယ်လာသည်။ သူမဟာ ရေတောင်အဆင်သင့်ခပ်ပေးထားသည့်ခွက်တွင် ကြော့ကြော့မော့မော့လေး သောက်ခဲ့ရသည့်ဘဝမျိုးတွင် နေခဲ့ရသည် မဟုတ်လား။ နေပူပူနှင့် သောင်ပြင်ထက်မှာ အထုပ်ကြီးကြီးကိုဘယ်လိုများဆွဲနိုင်မည်နည်း။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now