Part-85

3K 163 3
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၈၅)

"မယ်..."

သွေးအလိမ်းလိမ်းနှင့် သတ်ဖြတ်နေကြသော စစ်ပွဲကို ကျေနပ်သောအပြုံးတွေနှင့် ကြည့်နေသည့်မိန့်ခွန်းကာ ထိုစစ်ပွဲကြား၌ နတ်မိမယ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည့်အခိုက် ထိတ်လန့်သွားတော့သည်။

"မယ်..."

သူနတ်မိမယ်ရှိရာသို့ ချက်ချင်းပြေးသွားသည်။ မယ်ကသူ့ကိုမြင်တွေ့သွားသော်လည်း သူမျှော်လင့်ထားသကဲ့သို့ သူဆီဝမ်းသာအားရပြေးမလာခဲ့ပါ။ ခြေလှမ်းတွေက ရပ်တန့်ပစ်ပြီး သူ့ကိုလည်း မျက်လုံးစိမ်းတွေနှင့် စိုက်ကြည့်နေလျက်..

"ကိုကြီးဘာလို့ဒီလိုတွေလုပ်ရသလဲ.."

"မယ်..."

"ဒါကဘယ်လောက်ကြောက်စရာကောင်းလဲသိလား ကျေးဇူးပြု၍ ရပ်လိုက်ပါတော့.."

သူမစကားကြောင့် မိန့်ခွန်းမျက်နှာက တင်းမာသွားပြီး

"ရပ်လို့မရဘူးမယ် ဒါကမယ့်အတွက် ကိုယ်လက်စားချေပေးနေတာသိလား.."

"ဟင့်အင်း မယ်မလိုချင်ဘူး လူတွေအကြောင်းမဲ့သေကျေနေရတာကို မယ်ကြည့်မနေနိုင်ဘူး ခွင့်လည်းမပြုနိုင်ဘူး အခုရပ်ပေးပါ.."

မယ့်အသံကခပ်ဆတ်ဆတ်ဖြစ်သွားသည့်တိုင် မိန့်ခွန်းကမလျှော့ပါ။ သူမကိုခပ်စူးစူးပင်ကြည့်နေရင်း

"မဖြစ်နိုင်ဘူး.. ကိုယ်မရပ်နိုင်ဘူးမယ်"

"ကိုကြီး.."

"လာ.. ဒီမှာအန္တရာယ်များလွန်းတယ် မယ့်ကိုဘေးကင်းတဲ့နေရာခေါ်သွားမယ်"

မိန့်ခွန်းကပြောရင်း ရှေ့တိုးဖို့ပြင်တော့ သူမကချက်ချင်းနောက်ဆုတ်လိုက်ပြီး

"ဟင့်အင်း.. မယ်ဘာမှမသွားနိုင်ဘူး ကိုကြီးဘက်ကဒါတွေမရပ်တန့်ပေးရင် မယ့်ကိုမယ် သတ်သေပစ်မယ်.."

"ဟင်..."

ဝှက်ယူလာခဲ့သည့်ဓားကို လည်ပင်းထောက်ပြီး ခြိမ်းခြောက်လာတော့ မိန့်ခွန်းထိတ်လန့်သွားတော့သည်။ အနောက်နား၌ ရှိနေသည့်စီရာကလည်းကြောင်သွားသည်။ နတ်မိမယ် ဤသို့ လုပ်လိမ့်မည်ဟုတွေးထင်မထားခဲ့သည်ကို။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now