Part-19

3.4K 148 2
                                    

Unicode

~~🏞ငွေမြို့တော်မှ
                             အမုန်းမြို့ရိုး🏞
အပိုင်း(၁၉)

တောင်ခြေရွာ(သို့) မုဆိုးရွာ..

ဟိမဝန္တာတောင်ခြေဝန်းကျင်တွင်ရှိသော ဆန်းကြယ်သည့်ရွာလေးတစ်ရွာ။ တစ်ရွာလုံးနီးပါး သစ်လုံးအိမ််များဖြင့်တည်ဆောက်ထားပါသော လှပသည့်နေရာလေးတစ်ခု။

လူနည်းစုသာနေထိုင်ပြီး ခေါင်ကျလွန်းသည့်နေရာတွင်ရှိသောရွာဖြစ်သော်လည်း လိုချင်သည့်အရာမှန်သမျှရနိုင်သဖြင့် ဟိမဝန္တာခရီးသွားဧည့်သည်များနှင့် လမ်းပြမုဆိုးများ မကြာခဏရောက်တတ်၏။ ထို့ကြောင့် မုဆိုးရွာဟုဆိုသောဤဒေသခံတိုင်းရင်းသားရွာလေးက မိုးရာသီမှလွဲ၍ ကာလပတ်လုံးဧည့်သည်မပျက်ရှိနေတတ်သည်။ တစ်ခါတစ်ရံဧည့်သည်ကျသည့်အခါမျိုးတွင် အတော်စည်ကားနေတော့၏။

မုဆိုးရွာသို့ သူတို့ရောက်သွားသည့်အချိန်တွင် နေဝင်လုလုအချိန်..။

"လှလိုက်တာ .."

လှမ်းမြင်နေရသည့်ရွာကိုငေးကြည့်ရင်း မိန်းကလေးဖြစ်သောမေပယ်က လွတ်ခနဲ့ဆိုမိတော့၏။ တောင်စွယ်တွင်ငုတ်ဝင်တော့မည့် နေမင်းကြီး၏ဝင်းဖြာနေသောအလင်းအောက်၌ ရွာလေးသည်ကာအမှန်တကယ်လှပပါသည်။ 

သူတို့အုပ်စု ရွာထဲဝင်လာသည့်အခါတွင် ဒေသခံရွာသားတို့က အနည်းငယ်စုပ်စုကြသည်မှလွဲ၍ အထူးအဆန်းဖြစ်မနေကြပါ။ ၎င်းတို့ရွာတွင် ဤသို့ခရီးသွားဧည့်သည်များကာ မကြာခဏရောက်တတ်သည်မဟုတ်လား။ မိန့်ခွန်းကာ ဤရွာသို့ရောက်ခဲ့ဖူးသည်မို့ ဘယ်သူ့ကိုမှမေးမြန်းမနေဘဲ ရွာလူကြီးအိမ်သို့ တန်းတန်းမတ်မတ်ပင် လျှောက်သွားသည်။

ရွာလူကြီး၏အိမ်ကာ ရွာ၏အလယ်ဗဟိုတွင်ရှိပြီး တစ်ရွာလုံးတွင်အကြီးမားဆုံးနှင့် အခိုင်ခံ့ဆုံးဖြစ်သည်။ မကြာခဏခရီးသွားတွေဝင်နားတတ်သည့်နေရာဖြစ်သည့်အတွက် ဧည့်သည်များတည်းခိုဖို့ တဲအိမ်တို့ကိုလည်း တည်ဆောက်ထားသည်။ စားသောက်ဖို့အတွက် အစားအသောက်သာမက၊ ဒေသထွက်အရက်တို့ကိုပါ တွဲဖွင့်ထားသည်။ ထို့ကြောင့် သူတို့အတွက်အလွန်အဆင်ပြေလှသည်ဟုဆိုရမည်။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now