Part-66

3.3K 137 2
                                    

Unicode

~~🏞ငွေမြို့တော်မှ
အမုန်းမြို့ရိုး🏞~~
အပိုင်း(၆၆)

ဂူအောင်းဆေးကုနေသည့်မြေခွေးဘုရင် မိတ်သာရကာ နှစ်ရက်မြောက်နေ့တွင်တော့ ဒဏ်ရာသက်သာပြီး ပြန်ထွက်လာသည်။ ထွက်လာချင်းချင်းပင်

"ကျုပ်မြေခွေးနယ်မြေလှည့်ပတ်စစ်ဆေးလိုက်ဦးမယ်.."

ဟုဆိုလျက် ထွက်ခွါသွား၏။ မြေခွေးတို့၏လုံခြုံရေးကျောက်ဆောင်တွင် သိင်္ဃ့မင်း၏လူတွေမရှိတော့ဘဲ ဆုတ်ခွါသွားပြီဟု ကြားသိရသည်။ မိန့်ခွန်းတပ်ဆင်ထားသော ဗုံးတွေကြောင့်ဖြစ်မည်။ သို့သော် ထိုနေရာရှိမြေခွေးအစောင့်တို့ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် လုံခြုံရေးကျောက်ဆောင်ကာ အခွံပဲကျန်ခဲ့သည်။

ပင်မစခန်းတွင်ကျန်ရှိသည့်မိန့်ခွန်းကတော့ လက်လုပ်လက်နက်ခဲယမ်းတွေ တိတ်တဆိတ် လုပ်ဆောင်နေ၏။ သူကာ လက်နက်အရောင်းအဝယ်လုပ်နေသူမို့ လက်နက်ပစ္စည်းတွေအကြောင်းသိပ်ကျွမ်းကျင်သည်။ ရုရှားထိသွားပြီး လက်နက်နှင့်ပတ်သက်တာတွေ သင်ယူခဲ့ဖူးသည့်အတွက် တော်ရုံတန်ရုံသေနတ်နှင့် ဗုံးလောက်တော့ သူလုပ်တတ်သည်။

သူ့တွင် လက်နက်ပစ္စည်းတွေအတော်အသင့်ရှိသည့်တိုင် သိင်္ဃ့မင်းကိုတိုက်ခိုက်ဖို့အတွက်က ဒီထက်မကလိုအပ်ကြောင်း သူကောင်းကောင်းသိသည်။ ထို့ကြောင့်လည်း သူကိုယ်တိုင်လမ်းညွှန်ပြသပြီး လက်လုပ်လက်နက်ခဲယမ်းတို့ကို လုပ်ဆောင်စေသည်။ ဤနေရာကာ လျှို့ဝှက်ဆန်းကြယ်သည့်နယ်မြေဖြစ်သည့်အလျောက် သဘာဝသံယဇာတများကာပေါကြွယ်ဝလွန်းနေတော့ သူလိုသမျှပစ္စည်းကုန်ကြမ်းတွေရနိုင်သည်မှာလည်း ကံကောင်းမှုတစ်ခုပင်။

မိတ်ဿရသည် တစ်နေကုန်နီးပါးထွက်သွားပြီးနောက် ညည့်အတော်နက်မှ ပြန်လာခဲ့သည်။ သူ့မျက်နှာသည် အတော့်ကိုတင်းမာခက်ထန်နေသဖြင့် တစ်ခုခုဖြစ်ခဲ့မှန်း မိန့်ခွန်းရိပ်စားမိလိုက်၏။ ထို့အပြင် ဒေါသထွက်နေဟန်ဖြင့် သူ့ကိုလာတွေ့ဖို့ ညကြီးမင်းကြီးအကြောင်းကြားလာတော့ မိန့်ခွန်းစိတ်ထဲ မသိုးမသန့်ဖြစ်သွားသည်။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now