Part-41

3.8K 167 5
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၄၁)

"သူ့အခြေအနေဘယ်လိုရှိလဲ.."

"ခေါင်းကတစ်ခုခုကိုထိခိုက်ထားပုံရပါတယ် ဒါပေမဲ့သွေးထွက််မလွန်ထားတဲ့အတွက် တော်သေးတယ်ပြောရပါမယ်အရှင် ကျွန်တော်မျိုး ဒဏ်ရာတွေကို ဆေးထည့်ပေးပြီးပြီမို့ စိုးရိမ်စရာတော့ မရှိတော့ပါဘူး အဖျားအရှိန်နဲ့ပင်ပန်းထားတဲ့အရှိန်ကြောင့် သတိလစ်သွားတာပါ သိပ်မကြာခင်သတိပြန်ရလာမှာပါ.."

သမားတော်ကြီးဘိုးဘိုးစကားကြားတော့မှ ရင်ထဲတစ်ဆို့နေသည်အပူအချို့ကျသွားတော့ကာ

"တာဝန်ကျေပါတယ်ဘိုးဘိုး အနားယူလို့ရပါပြီ"

"ဟုတ်ကဲ့ပါအရှင် ကျွန်တော်မျိုးကို သွားခွင့်ပြုပါဦး.."

သမားတော်ဘိုးဘိုးထွက်သွားတော့ သိင်္ဃ့ သူမအိပ်နေသည့်ကုတင်စောင်းတွင် ဝင်ထိုင်လိုက်၏။ ထို့နောက် ရည်ရွယ်မထားဘဲနှင့် မေ့မျောနေသည့် မျက်နှာဖူးဖူးလေးအားငေးစိုက်ကြည့်မိသည်။

ကပိုကရိုဝဲကျနေသည့်ဆံနွယ်ရှည်တွေကြားမှ ဝင်းဖန့်ဖန့်မျက်နှာလှလှလေးကာ ကရုဏာသက်ဖွယ်ကောင်းအောင် နွမ်းဖျော့လွန်းနေ၏။ ခေါင်းတွင်ဒဏ်ရာရထားသည့်အပြင် မိုးရေထဲတွင် အချိန်ကြာမြင့်စွာငိုကြွေးနေခဲ့သည့်သူမက အဘယ်မျှထိပင်ပန်းခဲ့မည်နည်း။

အမြဲလိုလို စိုရဲအိထွေးနေတတ်သည့်နှုတ်ခမ်းလေးတို့သည်ပင် ဖြူဆုတ်ဆုတ်လေးဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် သူမမည်မျှပင်ပန်းနွမ်းနယ်နေခဲ့မည်ကို မှန်းဆနိုင်သည်။ သို့တိုင် ဆုတောင်းကောင်းလွန်းသည့်သူမဟာ ဤအခြေအနေ၌ပင် ကြည့်၍လှလွန်းနေဆဲပင်။

နဂိုကအသားအရည်လှသူမို့ အဖျားရှိန်ကြောင့် ပါးလေးတွေက ပါးနီဆိုးထားသကဲ့သို့ ရဲတက်နေသည်မှာ ငေးချင့်စဖွယ်ဖြစ်နေတော့၏။ ပင်ပန်းနွမ်းနှယ်စွာအိပ်မောကျနေသော်လည်း မျက်နှာလွဲမပစ်ရက်အောင် လှနေသော မိန်းကလေးက မိန့်ခွန်းအာဏာ၏အဖိုးတန်မိန်းကလေးမဖြစ်လျှင် အဘယ်မျှကောင်းမွန်လိုက်မည်နည်း။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now