Part-70

3.5K 144 1
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၇၀)

"ဆရာ.. မြေခွေးတွေကို နယ်စပ်မှာ အယောင်ပြထားခိုင်းလိုက်ပါပြီ "

မိုက်ကယ်စကားကြောင့် မိန့်ခွန်းခေါင်းညိတ်လိုက်ပြီး

"ကောင်းပြီ သူတို့ကိုဆက်အယောင်ပြခိုင်း တစ်ယောက်ယောက်လာခဲ့ရင် ပုန်းနေဖို့ပြော အခုက တိုက်ဖို့မဟုတ်ဘူး အာရုံလှည့်စားဖို့အတွက်ပဲ နားလည်လား.."

"ဟုတ်ကဲ့ ကျွန်တော်အသေအချာပြောထားပါတယ် ဒီကောင်တွေကရိုင်းပေမဲ့ အခုချိန်ကသူတို့ခေါင်းဆောင်အဖမ်းခံထားရတယ်ထင်ပြီး ကျွန်တော်တို့အပေါ်အားကိုးယုံကြည်နေပါတယ်  တစ်ခုပဲ အရမ်းသွေးဆူနေကြလို့ အကြာကြီးတော့ငြိမ်ခိုင်းလို့ရမယ်မထင်ဘူး အခုထက်ထိတော့ ကျွန်တော်တို့ပြောစကားတွေကို လက်ခံပါသေးတယ်"

"ငါသိပြီ စိတ်မပူနဲ့ သိပ်မကြာတော့ပါဘူး ငါကသေဆိုသေ ရှင်ဆိုရှင်ဖြစ်လာတဲ့အထိ ငါ့စကားကိုတစ်သွေမသိမ်းနားထောင်လာတော့မှာပါ "

မိန့်ခွန်းကသူ့အဓိပ္ပာယ်နှင့်သူဆိုပြီးနောက် ကျေနပ်စွာပြုံးလိုက်ကာ..

"မင်း ငါနဲ့လိုက်ခဲ့ ငါတို့ငွေမြို့တော်နယ်မြေထဲ ဝင်ရမယ်"

"ဟုတ်ကဲ့ဆရာ..."

မိုက်ကယ် သူ့ဆရာခေါ်ရာနောက်လိုက်ခဲ့သည်။ မိန့်ခွန်းကာ အရှေ့နယ်စပ်၌မြေခွေးတွေကို အယောင်ပြခိုင်းထားပြီး ထိုဘက်ကိုငွေမြို့တော်ကလူတွေအာရုံစိုက်နေစဉ် သူကတော့ အနောက်ဘက်မှနေ၍ ငွေမြို့တော်နယ်မြေထဲသို့ခိုးဝင်လာခဲ့၏။ သူ့တွင် မိတ်ဿရထံမှသိမ်းဆည်းထားသောငွေမြို့တော်၏နယ်မြေလမ်းကြောင်းမြေပုံရှိနေသဖြင့် ငွေမြို့တော်ထဲကို ခိုးဝင်ရသည်က သိပ်မခက်ခဲလှပါ။

သို့နှင့် သူတို့ငွေမြို့တော်၏နယ်မြေအတွင်းသို့ လျှို့ဝှက်စွာခိုးဝင်လာခဲ့ကြသည်။ ငွေမြို့တော်နယ်နမိတ်ထဲရောက်တော့ မိန့်ခွန်းဦးတည်သွားခဲ့သည်ကတားမြစ်ဂူ..။

ဟုတ်သည်...။ အနက်ရောင်မန္တန်တွေ ပြည့်နှက်နေသော တားမြစ်နေရာ။ တစ်ချိန်က ထိုနေရာ၌ သူသည် ကြောက်စရာကောင်းသော အနက်ရောင်စည်းကိုချိုးဖောက်လျက် ငွေမြို့တော်ကို သွေးစွန်းစေခဲ့သည်မဟုတ်လား။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now