Part-78

3.4K 145 6
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၇၈)

"မိန့်ခွန်းအာဏာရောက်လာခဲ့တာပဲ.."

အမှုထမ်းနှစ်ယောက်၏လျှောက်တင်စကားကိုကြားသည်နှင့် သိင်္ဃ့အရုပ်ကြိုးပြတ်ထိုင်ရင်း မချင့်မရဲရေရွတ်မိသည်။

ယူကြုံးမရဖြစ်နေသည့်သူအရှင်ကိုကြည့်ပြီး သီဟကစိတ်မကောင်းစွာနှင့်

"အရှင် နန်းတော်ကိုပဲအရင်ပြန်လိုက်ပါလား.. ကျွန်တော်နတ်မိမယ်ကို လိုက်ရှာပေးပါမယ်"

"မဖြစ်ဘူး ငါကိုယ်တိုင် သူ့ကိုလိုက်ခေါ်မယ်.."

"အရှင်..မလိုက်ပါနဲ့ အခုချိန်မှာအရှင့်စိတ်တွေက တော်တော်ပင်ပန်းထားပါတယ် အနားယူဖို့လိုအပ်နေတယ် ဒါကြောင့်ကျွန်တော်ပဲ သွားပါရစေ.. ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်နတ်မိမယ်ကိုရအောင်ခေါ်လာမှာပါ ဒီမနက်မိုးရွာထားတော့ သူတို့ဝေးဝေးမရောက်လောက်သေးပါဘူး"

သီဟ၏ဖျောင်းဖျစကားကို သိင်္ဃ့ကလက်ခံလိုဟန်မရှိဘဲ..

"မိန့်ခွန်းအာဏာနဲ့ မင်းတစ်ယောက်တည်း ရင်ဆိုင်တာ အန္တရာယ်များတယ်သီဟ ပြီးတော့ ဒါငါတို့ကြားက ရှင်းရမဲ့ကိုယ်ရေးကိုယ်တာ ပြသာနာပါ ငါလိုက်ခဲ့မယ်.."

"အရှင့်မှာမြို့တော်အရေးကိစ္စရှိပါသေးတယ် အခုမြို့တော်ဟာကြောက်စရာကောင်းတဲ့အန္တရာယ်ကြားထဲရောက်နေပါတယ် ဒါကိုဖြေရှင်းဖို့ကအရှင်တစ်ယောက်ပဲစွမ်းသာနိုင်တဲ့အတွက် နန်းတော်ကိုပဲ ပြန်လိုက်ပါ နတ်မိမယ်ကိစ္စကို ကျွန်တော့်တာဝန်ထားပါ.."

သီဟစကားကာသင့်လျော်သည်မို့ သိင်္ဃ့လည်းစိတ်လျှော့လိုက်သည်။ ဟုတ်သည်.. မြို့တော်အတွက်အလျင်အမြန်ဖြေရှင်းရမဲ့ ပြသာနာကြီးတစ်ရပ်ကရှိနေသည်ပဲ။ သိင်္ဃ့မျက်နှာမသာမယာနှင့်

"ကောင်းပြီ.. နတ်မိမယ်ကိုပြန်ခေါ်လာနိုင်ဖို့ မင်းကိုပဲအားကိုးယုံကြည်လိုက်မယ် သီဟ.."

"စိတ်ချပါအရှင်.. ကျွန်တော်အရှင့်အတွက် နတ်မိမယ်ကို မရရတဲ့နည်းနဲ့ခေါ်လာပေးပါ့မယ်"

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now