Part-12

3.7K 164 1
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၁၂)

"ဟူး..."

စိမ့်ခနဲ့ဖြစ်အောင်တိုးဝင်လာသည့်လေအေးကြောင့် မယ်ဖျပ်ခနဲ့လန့်နိုးလာသည်။ ရွက်ဖျင်းတဲအပေါက်ဟနေသဖြင့် ဘေးတစ်ဖက်ကိုကြည့်လိုက်တော့ အိပ်ယာထက်တွင် သိင်္ဃရှိမနေ။ သူအပြင်ထွက်သွားသည်လား..။

တွေးနေစဉ်မှာ ခပ်သဲ့သဲ့ကြားလိုက်ရသည့် စကားသံများကြောင့် မယ်အပြင်ဘက်သို့ အသာချောင်းကြည့်လိုက်၏။ ညည့်နက်ချိန်ခါမို့ ပတ်ဝန်းကျင်ကာ မှောင်မိုက်နေသည်။ မှိန်ဖျော့ဖျော့ လရောင်အောက်တွင် တွေ့လိုက်ရသည်က သိင်္ဃနှင့်သီဟ။

ဒီအချိန်ကြီး သူတို့ဘာလုပ်နေကြသလဲ...။

မယ်တအံ့တဩဖြစ်သွားရသလို စိတ်ဝင်စားမိသွား၏။ ထိုခဏ သူမထံခပ်သဲ့သဲ့ပျံ့လွင့်လာသည့်စကားများ..။

"ဘာပြောတယ် မိန့်ခွန်းအာဏာတို့လိုက်လာနေတယ်ဟုတ်လား..."

"................. "

"သေချာတယ်လား ကျေးဌက်"

".................. "

သူဘယ်သူနှင့်ပြောနေပါလိမ့်။ အပေါ်ကိုမော့ကြည့်လျက် တစ်ယောက်တည်းစကားတွေဆိုနေသည်မှာထူးဆန်းလှသည်။ သို့သော် မိန့်ခွန်းအာဏာဆိုသည့်ကိုကြီးနာမည်ကိုကြားလိုက်ရသဖြင့် မယ်စိတ်ဝင်စားသွားပြီး အသာနားစွင့်မိသည်။

"ဒါဆိုမိန့်ခွန်းကရွက်လှေနဲ့ရေစီးကြောင်းကို ဖြတ်ကျော်လာခဲ့နိုင်ပြီပေါ့လေ အဟွန်း ရွက်လှေကိုတောင်ပင့်ခေါ်ပြီး လျှိုဝှက်လမ်းကနေမြစ်ကြောင်းတံခါးကိုဖြတ်ကျော်နိုင်တယ် တော်သားပဲ.."

ချီုးကျူးတာလည်းမဟုတ်ဘဲနှင့် သူ့မူပိုင်အတိုင်းခပ်ရွဲ့ရွဲ့ဆိုနေသည်။ အတော်အမြင်ကတ်ဖို့ကောင်းသည့်လူ..။

"သူတို့ကိုအကဲခတ်ကြည့်ထား ငါတို့နောက်လိုက်မီဖို့ကအဝေးကြီးမို့ စိတ်ပူစရာမရှိပေမဲ့ တစ်ခုခုထူးခြားရင် ငါ့ကိုလျှောက်တင်ပါ"

".............."

"ပြီးတော့.. ကျေးဌက်လေး မိန့်ခွန်းက မင်းနဲ့တွေ့ဆုံဖူးတယ် သတိထားပါ မင်းကအပြင်ပန်းကကြည့်ရင်သာမာန်ဌက်တစ်ကောင်ပဲမို့ အလွယ်တကူသတိမပြုနိုင်ပေမဲ့ မိန့်ခွန်းကိုလျော့တွက်လို့ မရဘူး အရမ်းဉာဏ်ပြေးပြီးပါးနပ်တယ်"

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now