Part-25

3.5K 159 0
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၂၅)

"သိမ်းဌက်စစ်တပ်ကို လေချွန်ပြီး စစ်ကူခေါ်လို့မရအောင် မင်းလျှာကိုငါဖြတ်ထားပေးတယ် နည်းနည်းတော့နာပေမဲ့ မင်းအဆင်ပြေလာမှာပါ"

သူနှိပ်စက်ထားသဖြင့် အနာရှိန်နှင့်မှိန်းစက်နေသည့်ဌက်ငယ်လေးကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း မိန့်ခွန်းကသွေးအေးအေးနှင့် ဆိုလိုက်၏။ ကွေးညွှတ်နေသည့် နူတ်ခမ်းတောင့်တွင် စွန်းထင်နေသည့်အပြုံးတို့က လက်တစ်ဆုပ်စာသာရှိသောဌက်လေးတစ်ကောင်အပေါ်၌ပင် အစွမ်းကုန်ရက်စက်ပစ်ဖို့ဝန်မလေးသည့်ဟန်။

မေ့ဆေးအရှိန်နှင့်ဒဏ်ရာအရှိန်တို့ကြောင့် ရီဝေဝေဖြစ်နေသော်လည်း မိန့်ခွန်းကိုစူးစိုက်ကြည့်နေသည့်ကျေးဌက်၏မျက်လုံးတို့တွင် နာကျဉ်းမှုနှင့်ဒေါသအမုန်းတွေပြည့်နေပါလိမ့်မည်။ သို့သော် ထိုအကြည့်ကိုပင် မိန့်ခွန်းက လှောင်ပြုံးပြုံးနေရင်း

"မင်းငါ့ကိုကျိန်ဆဲနေသလား မင်းလိုဌက်ကလေးတစ်ကောင်က ငါ့ကိုဘာမှလုပ်လို့မရပါဘူးကွာ ငါမင်းကိုအချိန်မရွေးကင်စားပစ်လို့ရတယ် သိလား"

ပြောရင်းအမွှေးအတောင်တစ်ခုကို ဆတ်ခနဲ့ ဆွဲနူတ်လိုက်သောကြောင့် ကျေးဌက်မှာနာကျင်စွာ စူးခနဲ့ထအော်သည်။ ဒါကိုပဲ သဘောကျစွာ ရယ်မောလျက်နှင့်

"ဒါပေမဲ့ ငါမင်းကိုကင်မစားပါဘူး ငါ့အတွက် မင်းကအာသာပြေတစ်လုတ်စာပဲရမယ် ငါက စိတ်ကျေနပ်တဲ့အထိ မင်းရောမင်းသခင်ကိုပါ ဝါးမျိုပစ်ချင်တာ... အင်း.. ဘယ်လိုပြောရမှာလဲ မင်းသခင်ကိုအထိနာချင်တယ် ဒီတော့ ငါမင်းကိုလွတ်ပေးမယ် မင်းသခင် တိရစ္ဆာန်ကောင်ဆီသွားပြီး မင်းအပေါ်ငါဘယ်လိုနှိပ်စက်ခဲ့တဲ့အကြောင်းတိုင်ပြောလိုက် မင်းကသူ့အချစ်တော်ဌက်လေးဆိုတော့ သူဘယ်လောက်တောင် ခံစားရမှာလဲဆိုတာငါသိချင်လိုက်တာ.. "

တစ်ယောက်တည်းရေရွတ်နေရင်း မိန့်ခွန်းက ကျေနပ်စွာပြုံးလိုက်ပြန်၏။ ထို့နောက် ကျေးဌက်ကို လက်ကလွတ်ပေးလိုက်ပြီး

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now