Part-29

3.4K 149 4
                                    

Unicode

~~🏞ငွေမြို့တော်မှ
                            အမုန်းမြို့ရိုး🏞~~
အပိုင်း(၂၉)

တစ်နေကုန်အဖျားကြီးနေသည့်မယ်တစ်ယောက်မှာ ညနေစောင်းတော့မှ ညည်းညူရင်း သတိရလာတော့သည်။

"မမလေးသတိရလာပြီလား.. "

"ရွှေဖြူ..."

ရွှေဖြူကိုမြင်တော့ မယ်အံ့ဩသွားရသည်။ ရွှေဖြူက ကြင်နာသော အပြုံးနွေးနွေးလေးဖြင့်

"ရွှေဖြူ ဆန်ပြုတ်ပြုတ်ထားတယ် တစ်နေကုန် ဘာအစာမှမရှိဘူးဆိုတော့ ဖြည်းဖြည်းချင်း စားလိုက်နော် စားပြီးရင် သမားတော်ပေးထားတဲ့ ဆေးသောက်ရမယ်"

မယ် အင်းမလှုပ်အဲမလှုပ်နှင့် ငြိမ်နေသည်။ အဖျားအတော်ကြီးပြီး မေ့မျောနေခဲ့ရာမှ သတိရလာတော့ ကြောင်တောင်တောင်ဖြစ်နေပုံရသည်။ ရွှေဖြူ ဆန်ပြုတ်ပန်းကန်လာချပေးသည်အထိ ငြိမ်နေပြီးမှ

"မယ် ဘာဖြစ်သွားသလဲဟင်.."

"မမလေးအဖျားကြီးပြီး သတိလစ်နေတာလေ သမားတော်က စိုးရိမ်စရာတော့မရှိဘူး အဖျားကျရင် သတိပြန်ရလာလိမ့်မယ်လို့ပြောပေမဲ့ တစ်နေကုန်သတိမရသေးလို့ ရွှေဖြူစိတ်ပူနေတာ သမားတော်ကိုတောင် ပြေးသွားခေါ်ရမလားတွေးနေသေးတယ် တော်သေးတယ် မမလေးသတိရလာပေလို့..."

ရွှေဖြူစကားကြားတော့မှ မယ်ညက အဖြစ်အပျက်တို့ကိုပြန်သတိရသွားတော့သည်။ သီဟလာပေးသောခြုံထည်က အေးစိမ့်လွန်းလှသော ည၏အအေးဒဏ်ကို မကာကွယ်နိုင်ခဲ့ပါ။ ထို့အပြင် မယ့်ကိုယ်လေးကလည်း တစ်ကိုယ်လုံး ရွဲစိုနေသေးသည်။ ထို့ကြောင့် အေးလွန်း၍ တစ်ညလုံး တဆတ်ဆတ်တုန်နေသည့်မယ်မှာ မိုးလင်းခါနီး၌ အအေးမိပြီး အဖျားတွေတက်လာကာ သတိမေ့သွားရသည်။ ထို့နောက် ဘာတွေဆက်ဖြစ်သွားမှန်းမသိသော်လည်း မယ့်ကို သိင်္ဃ့အိပ်ရာထဲခေါ်လာပြီး ဆေးကုပေးနေပုံရသည်။

သို့တိုင် မယ်ကတော့သူ့ကိုကျေးဇူးမတင်နိုင်ပါ။ သူ့ကြောင့်ပဲ မယ်အခုလိုဖြစ်နေရသည် မဟုတ်လား။ လူကအခုထိပင် တစ်ကိုယ်လုံးကို နာကျင်ကိုက်ခဲနေပြီး ခေါင်းတွေလည်း မူးဝေနေသည်။ ပြန်တွေးမိတော့ မယ်နှုတ်ခမ်းလေးကို မကျေမနပ်ဖိကိုက်ထားမိရင်း

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now