Part-86

3.1K 151 3
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၈၆)

"သလင်းကျောက်ဖြူ.."

ဟုတ်သည်.. ကျောက်အမိုးတွေကြားမှ ပြုတ်ကျလာသောအရာကာ လက်တစ်ဆုပ်စာမကကြီးမားသော သလင်းကျောက်ဖြူဖြစ်နေ၏။

ထိုသလင်းကျောက်ဖြူကိုမြင်သည်နှင့် သိင်္ဃ့ အင်မတန်ဝမ်းသာသွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုစွတ်စွတ်ဖြူနေသောသလင်းကျောက်ကာ သာမာန်သလင်းကျောက်မဟုတ်ဘဲ ဒဏ္ဍာရီ၌သာကြားခဲ့ဖူးသော ရှေးဟောင်းအဖိုးတန်ကျောက်ဖြစ်နေခြင်းပင်။

"ဒါတကယ် နေသလင်းကျောက်ပဲ.."

ကျောက်ကိုကောက်ယူကြည့်ရင်းနှင့် သိင်္ဃ့မယုံကြည်နိုင်အောင် ရေရွတ်လိုက်သည်။ တကယ်လည်းမယုံကြည်ချင်ပါ။ ဤကျောက်ကာ နတ်သမီး၏ဒဏ္ဍာရီမှတ်တမ်း၌သာ တွေ့မြင်ခဲ့ဖူးသော အင်မတန်ရှေးကျသည့်ပစ္စည်းရတနာဖြစ်နေသောကြောင့်ပင်။ ထိုအတူ ဤကျောက်သည်အစွမ်းရှိသောကျောက်ဖြစ်ပြီး ဒဏ္ဍာရီအရ ငွေမြို့တော်ကိုဖန်တီးခဲ့သော နတ်သမီး၏စစ်မှန်သောအသုံးအဆောင်ပစ္စည်းတစ်ခုလည်းဖြစ်သည်။ 

ငွေမြို့တော်မတည်ရှိခင် ဒဏ္ဍာရီမှတ်တမ်းအရဆိုလျှင် ဤသလင်းကျောက်ဖြူကာ ဤသို့ရာဇဝင်ရှိခဲ့ပါသည်။ သလင်းကျောက်ဖြူသည် နတ်သမီးမွေးဖွားစဉ်က နတ်သမီးအတွက် ကောင်းချီးအဖြစ်ပေးအပ်ခံရသော အဖိုးတန်သလင်းကျောက်ဖြစ်သည်။ သလင်းကျောက်ကာ နေ၏စွမ်းအင်ကိုစုပ်ယူနိုင်သော အစွမ်းသတ္တိရှိသည်။

နေစွမ်းအင်ကိုစုပ်ယူနိုင်ခြင်းဆိုသည်မှာ နေ့ခင်းအချိန်၌ ကျောက်ကိုနေရောင်ခံထားသည့်အခါနေရောင်တို့ကာ ကျောက်အတွင်းစိမ့်ဝင်လာခဲ့သည်။ ထိုနေရောင်တို့ကိုကျောက်၌ ခံယူထားပြီးနောက် ညအမှောင်၌ နေအလင်းရောင်ကို ပြန်လည်အသုံးပြုနိုင်သည်။ ထိုအခါ၌ မိမိ၏ပတ်လည်ဆယ်မိုင်ဝန်းကျင်းလောက်ကာ နေ့ခင်းကဲ့သို့ လင်းထိန်နေတတ်သည်ဟု ကြားသိရသည်။

နတ်သမီးသည်ပြစ်ဒဏ်ကျစဉ်က လျှို့ဝှက်တောအုပ်ထဲ၌ နန်းတော်တစ်ခုဖန်တီး၍ နေထိုင်ခဲ့သည့်တစ်ခုသောကာလတွင် မကောင်းဆိုးဝါးမိစ္ဆာများ၏ကျူးကျော်တိုက်ခိုက်ခြင်းကို  ခံခဲ့ရသည်။ ထိုမကောင်းဆိုးဝါးတို့သည့် နေ့အလင်းရောင်ကိုကြောက်ရွံ့၍ ညအချိန်မှလာရောက်တိုက်ခိုက်ကြသည်။ နတ်သမီးကာ သလင်းကျောက်၏အကူအညီဖြင့် ညကိုနေ့အဖြစ် ဖန်တီးလျက် ထိုမကောင်းဆိုးဝါးမိစ္ဆာတို့ကို တိုက်ခိုက်အောင်နိုင်ခဲ့သည်။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now