Part-80

3.5K 147 4
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၈၀)

သေရာပါရောဂါကိုပျောက်ကင်းစေသည့် အနက်ရောင်မန္တန်အစီအရင်တဲ့..။

ငွေမြို့တော်၌ ပြင်းထန်းစွာတားမြစ်ထားသည့်ကြောက်စရာအကောင်းဆုံးသော အနက်ရောင် မန္တန်အစီအရင်ကိုမှ မိန့်ခွန်းအာဏာကရှာဖွေတွေ့ရှိခြင်းကာ ငွေမြို့တော်အတွက် ကြီးမားသော ကတ်ဘေးဆိုက်ခြင်းဟုပင်ဆိုရတော့မည်လား။

အဘယ်ကြောင့်ဆိုသော် တဖန်ပြန်ရှင်သန်ခြင်းဟူသောအစီအရင်ကာ အနက်ရောင်တားမြစ်မန္တန်အစီအရင်ထဲ၌ ကြောက်စရာအကောင်းဆုံးဖြစ်ပြီး ထိုအစီအရင်ကို အကောင်အထည်ဖော်ရာ၌လည်း အသက်တွေတစ်ခုမက စတေးရခြင်းဖြစ်သည်။

လူတစ်ဦးတစ်ယောက်ကျန်းမာရှင်သန်ပြီး သာမာန်ထက်ခွန်အား၊ ဉာဏ်အားတိုးမြှင့်လာဖို့အတွက် လူများစွာနာကျင်ပျက်ဆီးရသည်။ အစီအရင်အောင်မြင်ဖို့ရန်က လူသားများ၏ မျက်ရည်၊ နာကျင်မှု၊ သွေး၊ အသက်နှင့် ဝိညာဉ်ဟူသော အရာငါးမျိုးကိုအသုံးပြုရသော ကြောက်မက်ဖွယ် ပညာရပ်ပင်ဖြစ်သည်။

ထို့ကြောင့်လည်း အန္တရာယ်များလွန်းလှသည့် ဤမန္တန်အစီအရင်ကိုမည်သူမှအသုံးမပြုနိုင်စေရန် ငွေမြို့တော်ကာ အနက်ရောင်မှော်စည်းမျဉ်းများချထားလျက် တားမြစ်ဂူထဲ၌ပင် မထားရှိစေဘဲ မြို့တော်၏လျှို့ဝှက်ခန်းဆောင်၌ သီးသန့်သိမ်းဆည်းထားရသည်။ တားမြစ်ဂူထဲရှိနေပါက တစ်စုံတစ်ယောက်ကခိုးယူသွားမည်ကို စိုးရိမ်ရသောကြောင့်ပင်။ ထိုမျှအထိ ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်များလွန်းသည့်အစီအရင်ဖြစ်သည်။

သို့သော်.. ထိုမန္တန်အစီအရင်ကိုမှ မိန့်ခွန်းအာဏာကတွေ့ရှိသွားသည့်အခါတွင်တော့ အသက်များစွာသေကျေပျက်ဆီးဖို့ အကြောင်းဖန်လာခဲ့တော့သည်။

မန္တန်အစီအရင်တို့က တားမြစ်ဂူထဲ၌ ပြုလုပ်ရသည့်အတွက် မိန့်ခွန်းကတားမြစ်ဂူအတွင်းသို့ ခိုးဝင်ခဲ့သည်။ လိုအပ်သည့်ပစ္စည်းများနှင့်အတူ ရတနာပစ္စည်းများကိုပါ သယ်ယူခဲ့သည်။ အစီအရင်ပြုလုပ်ပြီးသည်နှင့် ငွေမြို့တော်မှထွက်ပြေးနိုင်ရန် ကြိုတင်စီစဉ်ထားတော့သည်။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now