Part-55

3.5K 144 3
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၅၅)

"မိန့်ခွန်း မင်းဘယ်သွားနေသလဲ.."

မြို့တော်တံခါးကိုကျော်ဖြတ်လာခဲ့ပြီးဖြစ်သလို တံခါးအဝတွင်စောင့်ကြပ်နေကြသည့် အစောင့်နှစ်ယောက်ကိုလည်း သတ်ဖြတ်ခဲ့ပြီဖြစ်သည်။ သို့သော် မိန့်ခွန်းကာ စိမ်းစိုလှပနေသည့် တောအုပ်ထဲသို့မဝင်ဘဲ လမ်းလျှောက်စရာရယ်လို့ကောင်းကောင်းပင်မရှိသော ကြမ်းရှသောနေရာဖြစ်သည့် ကျောက်ဆောင်တွေဘက် ဦးတည်နေသဖြင့် ဦးလူးဝစ်(ခ်)နားမလည်စွာ မေးလိုက်သည်။

သူ့အမေးကိုကြားသော်လည်း မိန့်ခွန်းကရှေ့တည့်တည့်ကိုသာဦးတည်လျှောက်နေရင်း..

"ကျုပ်သွားရမဲ့နေရာရှိတယ်.."

"ဘယ်နေရာမို့လဲ.. "

"ခင်ဗျားသိစရာမလိုဘူး.."

မိန့်ခွန်းစကားကြောင့် ဦးလူးဝစ်(ခ်)မှာ မကျေမနပ်ဖြစ်သွားပြီး

"ကျုပ်တို့ရည်ရွယ်ချက်က ငွေမြို့တော်ကိုရောက်သွားဖို့ပဲလေ တောအုပ်ထဲမှာ ငွေမြို့တော်ရှိတယ်မဟုတ်လား ဒါပေမဲ့မင်းကတောအုပ်ထဲကို မဝင်ဘဲ ဘယ်နေရာကိုဦးတည်သွားနေသလဲ"

"ကျုပ်ပြောပြီးပြီလေ ခင်ဗျားသိစရာမလိုဘူးလို့.."

"ကျုပ်မသိသင့်ဘူးလား ကျုပ်တို့ကတစ်ခရီးသွားချင်းတွေပဲ.."

ဦးလူးဝစ်(ခ်)စကားကို မိန့်ခွန်းကသဘောသွားဟန်ဖြင့် ပြုံးလိုက်ရင်း

"တစ်ခရီးသွားချင်းဟုတ်လား ခင်ဗျားမေ့နေပြီထင်တယ် ကျုပ်တို့ကခရီးအတူသွားတဲ့ မိတ်ဆွေမဟုတ်တော့ဘူးလေဦးလူးဝစ်(ခ်) ခင်ဗျားက ကျုပ်အတွက်သုံ့ပန်းသာသာပဲ.."

"မင်း...."

"ဒါကြောင့်ပါးစပ်ပိတ်ပြီးသာ ကျုပ်နောက်ကိုလိုက်ခဲ့စမ်းပါ.."

ဦးလူးဝစ်(ခ်)မျက်နှာမှာဒေါသတွေနှင့် မည်းမှောင်သွားတော့သည်။ မေပယ်ကအချင်းများတော့မည့်အခြေအနေ၌ ကြားဝင်လိုက်ပြီး

"ငွေမြို့တော်ကိုမသွားဘဲ အဲ့ဒီနေရာကို အရင်သွားတယ်ဆိုတော့ အတော်အရေးကြီးတဲ့နေရာဖြစ််မှာပဲနော် မိန့်ခွန်း"

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now