Part-35

3.7K 154 4
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၃၅)

"ငွေမြို့တော်မှာအကြီးမားဆုံးအပြစ်က ကိုယ့်ကိုယ်ကိုယ်သတ်သေတာပဲ ဘယ်အပြစ်မျိုးမဆိုနတ်သမီးကခွင့်လွတ်ပေးနိုင်ပေမဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အပြစ်ကိုတော့ ခွင့်မလွတ်ပေးဘူး ဘာလို့လဲဆိုတော့ ဒီနေရာကလူသားတွေအားလုံးဟာသာမာန်မဟုတ်ဘူး ငွေမြို့တော်ကိုစောင့်ရှောက်ပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့အတွက် နတ်သမီးက တိရစ္ဆာန်ကနေလူသားအဖြစ်ဖန်ဆင်းပေးခဲ့တာလေ ဒါကို တန်ဖိုးမထားဘဲ ကိုယ့်ကိုယ့်ကိုယ် အဆုံးစီရင်တာဟာ နတ်သမီးကို ဒေါသထွက်စေခဲ့တယ် ကျမ်းဂန်ထဲမှာရေးသားဖော်ပြထားတာတော့ နတ်သမီးဟာ ဒီလိုအပြစ်ကျူးလွန်တဲ့လူကို ဘယ်လောက်ထိစိတ်ဆိုးသလဲဆိုရင် သေဆုံးသွားပေမဲ့ သူတို့ဝိညာဉ်ကိုတောင်လွတ်မြောက်ခွင့် လုံးဝမပေးဘဲ အမှောင်ထဲမှာချုပ်နှောင်ထားခဲ့တယ်တဲ့ "

စီရာ၏စကားကိုပြန်ကြားယောင်ရင်းနှင့်ပင် မယ့်ရင်တွေဆို့နင့်တင်းကျပ်လာ၏။ စီရာမရှိတော့သည်တိုင် စီရာပြောခဲ့သည့်စကားများကတော့ မယ့်နားထဲတွင် ပဲ့တင်ကျန်ခဲ့သည်။

"ဒါဆိုရင်ငွေဥဒေါင်းရဲ့ဝိညာဉ်က အခုထက်ထိ အမှောင်ထဲမှာချုပ်နှောင်ထားခံရတုန်းပဲလား"

"ဟုတ်ပါတယ် ခွင့်မလွတ်နိုင်တဲ့အပြစ်ကြီးကို ကျူးလွန်ခဲ့တဲ့သခင်မငွေဥဒေါင်းဟာ ပြန်လည်မွေးဖွားခွင့်တောင်မရတော့ဘဲ အမှောင်ထဲမှာ ဖမ်းချုပ်ထားခံရတယ် အခုထိပဲဆိုပါတော့.."

"ဘယ်အချိန်မှလွတ်မြောက်နိုင်မှာလဲဟင်.."

သူမအမေးကြောင့် ထက်မြက်ရဲရင့်လှပါသော စီရာမျက်ဝန်းမှမျက်ရည်စက်တို့လွင့်စင်ကျလာပြန်ရင်းနှင့်

"မသိဘူး.. နှစ်(၅၀)လား နှစ်(၁၀၀)လား ဒါမှမဟုတ် ထာဝရအထိလား ဘယ်သူမှမသိနိုင်ကြဘူး"

"အို..."

စီရာ၏ကြေကွဲခြင်းတို့ကာ နုနယ်သောမယ့်နှလုံးသားကို ကူးစက်လာခဲ့ပြီထင်သည်။ စီရာထွက်သွားပြီး အတန်ကြာသည်အထိ မယ့်ရင်တွေသည် စီးစီးပိုပိုဖြစ်နေဆဲ..။ ဘယ်နှကြိမ်မြောက် သက်ပြင်းတွေချမိနေသည်မှန်းကိုပင် မသိတော့ပါ။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now