Part-31

3.4K 152 3
                                    

Unicode

~~🏞ငွေမြို့တော်မှ
                             အမုန်းမြို့ရိုး🏞~~
အပိုင်း(၃၁)

"ဒီခြုံတွေကို ဘယ်လိုရှင်းရမှာလဲ.."

ထူထပ်သောခြုံနွယ်တို့ကိုကြည့်ရင်း မယ် ညည်းညူမိသည်။ အဖျားငွေ့ကျန်သေးသည်မို့ လူကလည်းအားသိပ်မရှိချင်ပါ။ သို့သော် သိင်္ဃ့ပေးထားသည့်အချိန်က နှစ်ရက်သာကျန်တော့ပြီး အခုထိမြက်တစ်ပင်မှ မနုတ်ရသေးသဖြင့် မယ် စိတ်တင်းပြီး မြက်ရှင်းဖို့ ခြံထဲရှင်းလာရသည်။

သူမကိုတမင်တကာကိုအနိုင်ကျင့်သည်ကိစ္စမို့ လုံးဝမလုပ်ဘူးဟုဆုံးဖြတ်ထားသော်လည်း တကယ်တမ်းကျ မယ်မနေရဲခဲ့ပါ။ သိစိတ်က ဘယ်လောက်မာန်တင်းထားပါစေ မယ့်မသိစိတ်ကတော့ သူ့ကိုအလွန်ကြောက်ရွံ့မိသည်။

"မဖြစ်နိုင်တဲ့အမိန့်မို့ ရှင့်အတွက်ခက်ခဲမယ်ဆိုတာသိပါတယ် ဒါပေမဲ့ကြိုးစားကြည့်လိုက်ပါ အရှင်ကိုယ်တိုင်အပြစ်ပေးတာက ဒီမြက်နုတ်တာထက် အဆများစွာဆိုးဝါးနိုင်လို့ ကျွန်မ စေတနာနဲ့အကြံပေးချင်ပါတယ်.."

ခေါင်ဆောင်စီရာ၏စကားတို့ကိုပြန်ကြားယောင်လာပြန်တော့ မယ်မနေသာနိုင်ပြန်တော့ပါ။ ထို့ကြောင့်လည်း ခြံထဲဆင်းလာခဲ့ပြီးခါမှ ထူထဲသောခြုံပုတ်များနှင့် မြက်ရိုင်းရှည်တွေကိုကြည့်ပြီး ငိုချင်စိတ်ပေါက်သွားရသည်။ သို့သော် မလုပ်၍လည်းမဖြစ်သဖြင့်

"သိင်္ဃ့မင်း အယုတ်တမာလူကြီး အကျင့်မကောင်းတဲ့ တိရစ္ဆာန်ကို ငါ့ကိုဒီလိုနှိပ်စက်ခဲ့တဲ့အတွက် ဝဋ်ပြန်လည်ပါစေတော်.."

ပါးစပ်ကတပေါက်ပေါက်ကျိန်ဆဲနေရင်း လက်ကလည်း ခြုံနွယ်တွေကို ဒေါသတကြီး လိုက်ခုတ်တော့သည်။ ဓားကထက်လွန်းသဖြင့် ခြုံနွယ်တို့မှာ တိခနဲ့ တိခနဲ့ပြတ်သွား၍သာ တော်တော့၏။ သို့သော် အလေးချိန်စီးလှသည့် ဓားမကိုမြှောက်ပင့်ထားရသည်မှာ မလွယ်ကူလှပါ။ လေးငါးခေါက်လောက် မြှောက်လိုက်သည်ပင် မယ့်လက်မောင်းတွေနာနေတော့၏။ လက်တွေအံသေသွားပြီလားဟုပင် ထင်ရသည်အထိ ခြုံနွယ်တို့အားလွဲရိုက်နေပြီးနောက် မယ် မောဟပ်လာသည်။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now