Part-89

3.3K 149 7
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၈၉)

"သိင်္ဃ့...."

အက်ရှရှခေါ်သံတစ်ခုက နားထဲသို့တိုးဝင်လာသဖြင့် သိင်္ဃ့မျက်လုံးတွေဖျပ်ခနဲ့ပွင့်လာသည်။

"ဟင်..."

သူရောက်နေသည်က အနက်ရောင်လွင်ပြင်ကြီးတစ်ခုထဲ။ ထိုလွင်ပြင်၏အလယ်တွင် ခွေခွေလေးထိုင်လျက် နာနာကျင်ကျင်ငိုကြွေးနေသည်ကတော့...

"ဥဒေါင်း.."

ဟုတ်ပါသည်။ သခင်မငွေဥဒေါင်း။ နာကျင်မှုတို့ကို မချိမရိခံစားနေဟန်ဖြင့် သူ့ကိုမော့ကြည့်လာပြီး..

"သိင်္ဃ့.. ဥဒေါင်းကိုကယ်ပါ.."

"ဥဒေါင်း ဘာဖြစ်လို့လဲ.."

သူတုန်လှုပ်စွာမေးလိုက်သည်။ မတုန်လှုပ်ဘဲ နေမည်လား။ ဥဒေါင်းတစ်ကိုယ်လုံး၌ ဒဏ်ရာဒဏ်ချက်တွေပြည့်နေသည်။ ငွေမှင်ရောင်ဂါဝန်ကာ သွေးတို့ဖြင့် ချင်းချင်းနီနေသည်။ သူ့ကိုမောကြည့်လာသည့်မျက်ဝန်းတို့ကလည်း ဝေဒနာတွေပြည့်နေလို့...။ မျက်ရည်တွေစီးကျနေသော မျက်နှာလေးထက်၌ အကြောက်တရားတွေကိုလည်း သူခံစားမိလိုက်ရာ..

"ဘုရားရေ.. ဥဒေါင်း မင်းဘာဖြစ်သလဲ"

"ဥဒေါင်းကိုကယ်ပါ ဥဒေါင်းအရမ်းနာကျင်နေရတယ် ကြောက်လည်းကြောက်တယ် သိင်္ဃ့ရယ်"

"ဘယ်သူမင်းကို ဒီလိုဖြစ်အောင် လုပ်သလဲ "

"မိန့်ခွန်း.... "

"ဘာ...."

"သူ.. သူဥဒေါင်းကို နှိပ်စက်နေတယ် အဟင့်"

ဥဒေါင်းစကားကသူ့ကိုအထိတ်တလန့်ဖြစ်သွားစေတာ့သည်။ သိင်္ဃ့ ထိတ်လန့်စွာနှင့်

"ဘာပြောတယ် သူမင်းကိုနှိပ်စက်နေတယ် ဟုတ်လား ဒါဘာအဓိပ္ပာယ်လဲ .."

"သူက.. အား "

ရုတ်တရက် ဥဒေါင်းကနာကျင်စွာထအော်၏။ မြေပြင်ပေါ်၌ လူးလိမ့်ကာ နာနာကျင်ကျင် အော်ဟစ်နေတော့သည်။ ထိုမြင်ကွင်းကိုကြည့်ပြီး သိင်္ဃ့သွေးပျက်သွားသည်။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now