Part-54

3.7K 160 9
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၅၄)

"နတ်မိမယ်ပျောက်နေတယ်ဟုတ်လား ဒါဘာအဓိပ္ပာယ်လဲ ငါ့ကိုရှင်းပြစမ်း ရွှေဖြူ.."

သိင်္ဃ့လေသံက အတော့်ကိုတင်းမာနေ၏။ ရွှေဖြူ အထိတ်တလန့်နှင့်ပင်

"ရွှေဖြူ.. မနက်ကတည်းက မမလေးဆီသွားတာပါအရှင် ရွှေဖြူရောက်ကတည်းက မမလေးကိုမတွေ့လိုက်ရပါဘူး ရွှေဖြူလည်း မမလေးတောထဲရောက်နေတယ်ထင်ပြီး အိမ်အလုပ်လုပ်စရာရှိတာလုပ်ပြီး စောင့်နေလိုက်တယ် မမလေးက တစ်ခါတလေတောစပ်နားတွေမှာ အလှပန်းတွေ၊ စားဖို့ဟင်းရွက်တွေနဲ့ အသီးတွေသွားခူးတတ်တယ်ဆိုတော့ ရွှေဖြူမမလေးတောထဲသွားတယ်လို့ ဒီအတိုင်းရိုးရိုးလေးပဲတွေးလိုက်မိတယ် ဒါပေမဲ့ နေ့ခင်းရောက်တဲ့အချိန်ထိ မမလေးပြန်ရောက်မလာသေးတော့ ရွှေဖြူလည်းစိတ်ထဲတစ်မျိုးဖြစ်တာနဲ့ တောထဲလိုက်သွားရှာသေးတယ် မမလေးကိုရှာမတွေ့တော့စိုးရိမ်သွားပြီး ရွာသားတွေကိုခေါ်ပြီး အနီးအနားကပတ်ဝန်းကျင်တွေအထိ ရှာပါသေးတယ် ဒါပေမဲ့ ဘယ်လိုမှရှာမတွေ့ပါဘူးအရှင် ဒါနဲ့ပဲ အရှင့်ကိုလျှောက်တင်ဖို့ နန်းတော်ကိုအပြေးလာခဲ့တာပါ"

ရွှေဖြူ၏လျှောက်တင်စကားအဆုံး သိင်္ဃ့အလိုမကျစွာမျက်မှောင်ကုပ်လိုက်ပြီး

"နတ်မိမယ်ကမနက်ကတည်းက ပျောက်နေတဲ့သဘောလား.."

သိင်္ဃ့လေသံကတင်းမာနေသည့်တိုင် စိုးရိမ်ငွေ့တွေပါနေ၏။ ရွှေဖြူစိုးရွံ့ဟန်ဖြင့် ခေါင်းညိတ်လိုက်ရင်း

"ဟုတ်ပါတယ်အရှင်.."

"ဂနီအိမ်သွားမယ်.."

သိင်္ဃ့ဘာမှထပ်မမေးတော့ဘဲ ချက်ချင်းပင် မြင်းပေါ်တက်ပြီး ဂနီအိမ်သွားဖို့ပြင်တော့ သီဟကလည်း အလိုက်သိစွာပင်

"ရွှေဖြူ ငါနဲ့အတူလိုက်ခဲ့.. ဂနီအိမ်ရောက်ရင် အရှင်မေးသမျှ အကျိုးအကြောင်းသေချာလျှောက်တင်လိုက်.."

"ဟုတ်ကဲ့ပါ အစ်ကိုလေးသီဟ.."

ရွှေဖြူကိုခေါ်တင်ပြီး သီဟကမြင်းတစ်စီးနှင့် အရှင်သိင်္ဃ့နောက်လိုက်လာခဲ့သည်။ ဂနီအိမ်ရောက်တော့ သိင်္ဃ့က

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now