Part-90

3.5K 151 5
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၉၀)

"ဟား... ဟား.. ဟား "

ဖန်ပုလင်းထဲမှမြူခိုးအငွေ့တွေကိုကြည့်ရင်း မိန့်ခွန်းကာ ကျေနပ်စွာပင်ရယ်မောနေတော့သည်။ သူ့လက်ထဲ၌ ငွေဥဒေါင်း၏ဝိညာဉ်ရောက်နေပြီ။

"မင်းနှိပ်စက်ခံရရင် သိင်္ဃ့ကမနေနိုင်ဘဲ မင်းဆီအရောက်လာမှာပါ အဟက်"

ကိုယ့်အတွေးနှင့်ကိုကျေနပ်စွာပြုံးနေသည့် သူ့အပြုံးတို့ကလည်း ရက်စက်ယုတ်ညံ့သော အကြံအစည်တွေပြည့်နေလို့..။ တကယ်တော့ သူက အကယ်၍များတစ်စုံတစ်ရာလွဲချော်သွားပြီး မြေခွေးမိစ္ဆာနှင့်တိုက်၍ မအောင်မြင်ခဲ့လျှင် ဟူသောအတွေးဖြင့် ဒုတိယplanတစ်ခုကို ချထားခဲ့ပြီးသားပင်။

သေချာပေါက်အောင်မြင်နိုင်သည်ဟုယုံကြည်ထားသည့်အရာပင်ဖြစ်လင့်ကစား မိန့်ခွန်းအာဏာဆိုသည့်လူက အမြဲတမ်းအရံအစီအစဉ်တစ်ခုထားတတ်သည်။ ထို့ကြောင့် သူတို့၏ကမ္ဘာ၊ သူတို့လောကတွင် သူကရူံးပွဲမရှိ ထိပ်တန်းရောက်နေခြင်းပင်။

ယခုလည်းငွေမြို့တော်ကို ဖျက်ဆီးပစ်ဖို့နှင့် ပတ်သက်ပြီး သူသည်ဒုတိယအကြံအစည်ကို ထားခဲ့သည်။ ထိုအရာကာ အပြစ်ကျဒဏ်ခံထားရသော ငွေဥဒေါင်း၏ဝိညာဉ်ကိုဖမ်းဆီးပြီး သိင်္ဃ့မင်း၏ပျော့ကွက်အဖြစ် အသုံးချနိုင်ရန် ဖြစ်သည်။ နောက်ဆုံး ငွေမြို့တော်မပျက်ဆီးခဲ့လျှင်တောင် သိင်္ဃ့မင်းက သူ့လက်နှင့်သေကိုသေရမည်။ ဤကာသူ၏ပကတိဆုံးဖြတ်ချက်။

ထို့အပြင် သူ့ရွယ်ရွယ်ချက်က ရှင်းလင်းပါသည်။ မြေခွေးမိစ္ဆာတွေနှင့် ငွေမြို့တော်ကို အနိုင်ယူနိုင်ခဲ့လျှင်တောင် ငွေဥဒေါင်း၏ဝိညာဉ်ကို အလွတ်ပေးမည်မဟုတ်ပါ။ သူ့နှလုံးသားထိခိုက်ခံခဲ့ရသကဲ့သို့ သိင်္ဃ့မင်း၏စိတ်ကို ညှင်းပန်းဖို့အတွက် ငွေဥဒေါင်းဝိညာဉ်ကို ညှင်းပန်းပြမည်။ ပြီးနောက် သူကျေးကျွန်ဖြစ်လာသည်အထိ နှိပ်စက်ပြီး မိစ္ဆာအဖြစ်ပြောင်းသွားအောင် လုပ်ပစ်မည်။ ဘယ်သောမှမသေဆုံး၊ မမွေးဖွားနိုင်ဘဲ မိစ္ဆာအဖြစ်ပင်ပန်းဆင်းရဲစွာ ဆက်ရှင်သန်နေရမည့်အဖြစ်မျိုးပေါ့..။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now