Part-95

3.9K 184 31
                                    

Unicode
~~🏞ငွေမြို့တော်မှ

                              အမုန်းမြို့ရိုး🏞~~

အပိုင်း(၉၅)

နတ်မိမယ်..

တစ်ကိုယ်လုံးအေးစက်တောင့်တင်းနေပြီး မသိခြင်းလေဟာနယ်ထဲ၌ မျောလွင့်သွားခဲ့သည်မှာ ဘယ်လောက်ကြာနေခဲ့ပြီမှန်းမသိတော့ပါ။

"နတ်မိမယ်..."

ခေါ်သံတိုးရှရှလေးတစ်ခုက နားထဲတိုးဝင်လာခဲ့သည်။ ရှိန်းအက်အက်ရှိပြီး ထူးခြားသောလွှမ်းမိုးမှုတွေရှိနေသည့်အသံ။ ထိုအသံကြောင့် သူမမျက်လုံးတွေပွင့်လာခဲ့၏။

"ဟင်..."

မြင်ကွင်းထဲတွင် ဘယ်သူမှရှိမနေပါ။ သို့သော် ထူးဆန်းပြီး တောက်ပနေသောအလင်းတန်းတစ်ခုကိုတွေ့လိုက်ရသည်။ အသံကထိုအလင်းတန်းမှထွက်ပေါ်လာခြင်းဖြစ်မည်။

"သိင်္ဃ့မင်းကို သင်အမှန်တကယ်ခွင့်လွတ်နိုင်ပြီလား"

"ရှင်..."

"သင့်စိတ်ရင်းကနေခွင့်လွတ်နိုင်ပြီဆိုရင် သူ့ကိုကယ်တင်နိုင်မဲ့နည်းလမ်းရှိပါတယ်"

မယ်သည်အစကအဖြူရောင်အလင်းတန်းထံမှ ထွက်လာသည့်စကားတို့ကို နားမလည်ကာ ကြောင်တောင်တောင်ဖြစ်နေသော်လည်း ထိုစကားကြားတော့ မဆိုင်းမတွပင်

"ဟုတ်ကဲ့ မယ်ခွင့်လွတ်ပါတယ် သိင်္ဃ့ကို ကယ်နိုင်မဲ့နည်းလမ်းကို ကျေးဇူးပြု၍ ပြောပြပေးပါရှင်.."

"အဖြူရောင်ပုလင်းကိုဖျက်ဆီးရမယ်"

"ရှင်.. အဖြူရောင်ပုလင်းဟုတ်လား"

"မိန့်ခွန်းအာဏာဆီမှာရှိနေတဲ့ အဖြူရောင်ပုလင်းကို ဖျက်ဆီးလိုက်ပါ.."

ထိုစကားကိုသာဆိုပြီးနောက် ထူးဆန်းသောအဖြူရောင်အလင်းတန်းကာ ရုတ်ချည်းလို ပျောက်ကွယ်သွားခဲ့ရာ မယ်သည်လည်း အိပ်မောကျနေရာမှ ဖျပ်ခနဲ့လန့်နိုးလာတော့၏။

"အဖြူရောင်ပုလင်းကို ဖျက်ဆီးရမယ်.."

မယ်အိပ်မက်ကိုပြန်စဉ်းစားရင်း စိတ်တွေရူပ်ထွေးနေရချိန်တွင် သူမသတိရလာသည်ကိုလည်းမြင်ရော ဝမ်းသာအားရနှင့်အနားသို့ရောက်လာသူက မိန့်ခွန်း။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now