Part-79

3.4K 149 11
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၇၉)

"ဒုတ်..."

"အ..."

မာကြောသည့်အရာတစ်ခုကခေါင်းပေါ်သို့ ပြင်းထန်စွာကျလာသဖြင့် မိန့်ခွန်းလှုပ်ရှားမှုတို့ ရပ်တန့်ကုန်ပြီး မြေပြင်ပေါ်လဲပြိုကျသွားသည်။   ထင်မှတ်မထားဘဲ အတိုက်ခိုက်ခံလိုက်ရတော့ အံ့ဩသင့်သွားရာမှ နာကျင်သွားသည့်ခေါင်းကိုစမ်းပြီးနောက်ကိုဖျပ်ခနဲ့လှည့်ကြည့်လိုက်တော့ ဒေါသတွေက ထောင်းခနဲ့ထွက်သွားသည်။

"မင်း...."

"မင်းကဘယ်ချိန်ပဲဖြစ်ဖြစ် ခွေးကျင့်ခွေးကြံနဲ့ကောင်ပဲ.."

သီဟကဒေါသတကြီးဆိုရင်း အားကုန်လွဲလျက် ထပ်ရိုက်လိုက်သည်။ မိန့်ခွန်းရှောင်လိုက်သဖြင့် ဒီတစ်ခါတော့မထိ။ သို့သော်ခုနအရှိန်ကြောင့် ခေါင်းကမူးနေတော့ ချက်ချင်းပြန်မထလာနိုင်။ ထိုအခြေအနေကို အခွင့်ကောင်းယူပြီး သီဟကမိန့်ခွန်းကို ဆက်တိုက်ထိုးကြိတ်တော့သည်။

"ခွပ်..."

"အု..."

မိန့်ခွန်းယိုင်ကျသွားသည်။ သီဟအတွက် ကံဆိုးချင်တော့ မိန့်ခွန်းကမီးပုံအနားတွင်မှ လဲကျသွားခြင်းပင်။ ထို့ကြောင့်လည်း လက်တစ်ဖက်ကမီးတုတ်ကိုဆတ်ခနဲ့ဆွဲလိုက်ပြီး သူ့ကိုပြန်ကာရိုက်ချလိုက်သည်။

"ဖြောင်း..."

"အ..."

မီးတုတ်နှင့်ရိုက်ချခံရသောကြောင့် ရိုက်ချက်ကပြင်းလှသည်။ သီဟအတော့်ကို ခံလိုက်ရသည်။   သူမူးဝေသွားသည်ကိုအခွင့်ကောင်းယူပြီး မိန့်ခွန်းကာ အပြင်ဘက်ကိုထွက်ပြေးသွားတော့သည်။ သီဟချက်ချင်းပြေးလိုက်လာခဲ့သော်လည်း ညနေရီမှောင်တရောအချိန်၌ မိန့်ခွန်းအာဏာသည် လုံးဝရှာမတွေ့အောင် ပျောက်ချင်းမလှပင် ပျောက်သွားခဲ့ပြီဖြစ်ရာ..

"တောက်..."

မိခါနီးဆဲဆဲ၌လွတ်သွားသဖြင့် သီဟခံပြင်းစွာ တက်ခေါက်မိသည်။ မိန့်ခွန်းကဲ့သို့သောလူစားမျိုးက အရှင်မမိလျှင်တောင် အသေကိုသတ်ပစ်သင့်သည့်ကောင်။ အခုတော့ သတိတစ်ချက်အလွတ်မှာပင် လွတ်သွားရသည်။ အတော်နှမြောစရာကောင်းလွန်းလှသဖြင့် သီဟခံပြင်းစိတ်တွေတနုံ့နုံ့ဖြစ်ရသည်။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now