Part-68

3.2K 155 12
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၆၈)

"မြေခွေးတွေနယ်စပ်နားမှာ ရစ်ဝဲဝဲလုပ်နေတာကို တွေ့ခဲ့ပါတယ်"

ဟူသောလျှောက်တင်စကားကြောင့် စုံစမ်းစစ်ဆေးရန် သိင်္ဃ့နှင့်ကိုယ်ရံတော်သီဟ မြို့တော်နယ်စပ်သို့ ထွက်လာခဲ့သည်။

နယ်စပ်ရောက်တော့ မြေခွေးတွေပဲ ပြန်ထွက်ခွါသွားသည်လားမသိပါ။ ဘာထူးခြားမှုကို မတွေ့သဖြင့်သီဟက

"မြေခွေးတွေပျောက်သွားကုန်ပြီ တစ်ခုခုတော့ တစ်ခုခုပဲ အရှင်.."

"အင်း.. သွေးတိုးစမ်းတာလည်း ဖြစ်နိုင်တယ်"

"ကျွန်တော်တို့လိုက်ကြမလား.."

"နေ.. အလကားနေ ခွန်အားမဖြုန်းနဲ့ အရေးကြီးတာက အဲ့ဒီနယ်မြေမှာ မိန့်ခွန်းအာဏာရှိတယ် နေရာအနှံ့ထောင်ချောက်တွေဆင်ထားနိုင်တယ်  ဒီကောင်က မြေခွေးတွေလို ဉာဏ်တုံးအတဲ့ကောင်မဟုတ်တော့ ဂရုစိုက်နိုင်မှဖြစ်မယ် မလိုအပ်ဘဲ ငါတို့လူတွေမြေခွေးနယ်ထဲမဝင်တာ အကောင်းဆုံးပဲ"

အရှင်သိင်္ဃ့စကားက ဆီလျော်နေသည့်အတွက် သီဟခေါင်းညိတ်ရင်းမှ တစ်စုံတစ်ရာကိုတွေးမိတော့ အလိုမကျဖြစ်သွားပြီး

"ဒါပေမဲ့ ကျွန်တော်သတင်းကြားတာက မိတ်ဿရရဲ့ယောက်ဖဒုဓိဂါမြေခွေးက တိုက်ပွဲဖြစ်တဲ့နေ့တုန်းက သေသွားတယ်တဲ့ ဒါနဲ့တောင် မိတ်ဿရကသူ့ယောက်ဖအတွက် အခုထိဘာမှမလှုပ်ရှားဘူးပဲ အခါတိုင်းဆိုရင် သူ့အတွက်အရေးပါတဲ့သူကျသွားတိုင်း ဝုန်းဒိုင်းကြဲပြီး ရောက်လာနေကြပါ အခုလိုငြိမ်နေတာက ထူးဆန်းတယ် "

သီဟစကားကိုသိင်္ဃ့ဘာမှမတုန့်ပြန်။ နယ်စပ်မှနေ၍ ဖုန်အလိမ့်လိမ့်ထပြီးခြောက်ကပ်နေသော မြေခွေးနယ်ကို တစ်ချက်စိုက်ကြည့်ပြီးမှ

"အကြံအစည်တစ်ခုခုရှိနေလို့ဖြစ်လိမ့်မယ် ဘာပဲဖြစ်ဖြစ် သတိထားတာအကောင်းဆုံးပဲ.."

"ဟုတ်ကဲ့အရှင်.."

"ဒီနေ့တော့ ဒီလောက်ပဲ ပြန်ကြတာပေါ့.."

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now