Part-82

3.4K 151 1
                                    

Unicode

~~🏞ငွေမြို့တော်မှ
အမုန်းမြို့ရိုး🏞~~
အပိုင်း(၈၂)

ငွေခန်းမဆောင်တော်...

ယနေ့ကာ လူစုံတက်စုံရှိလှပါသည်။ ပလ္လင်ထက်၌ သိင်္ဃ့မင်းကမိန့်မိန့်ကြီးထိုင်နေသကဲ့သို့ ဘေးတစ်ဘက်စီ၌လည်း သက်ဆိုင်ရာအမှုထမ်းတွေအစုံအလင်ရှိနေသည်။ ထို့အတူ နတ်မိမယ်လည်း ရှိနေခဲ့၏။

လူစုံလင်သော်လည်း အခန်းကာအပ်ကျသံကြားရလောက်အောင်ပင် တိတ်ဆိတ်လွန်းနေသည်။ အားလုံးသောအမှုထမ်းမှာလည်းရင်တထိတ်ထိတ်နှင့်ရှိနေသောကြောင့် အသက်ပင်ရဲရဲမရူဝံ့ကြပေ။

"အပြစ်သားကိုခေါ်လာခဲ့စမ်း.."

သိင်္ဃ့၏ခန့်ညားသောအသံက ခန်းမဆောင်မှ ဟိန်းထွက်လာခဲ့သည်။ ခဏအကြာတွင်တော့ အမှုထမ်းနှစ်ယောက်ဆွဲခေါ်လာသော ဝံကဋီကိုတွေ့လိုက်ရသည်။

ဝံကဋီပုံစံကာ အတော့်ကိုဆိုးဝါးနေ၏။ အရင်ကလို ဝံ့ဝံ့ကြွားကြွားထည်ဝါနေတာမျိုး မရှိဘဲ ပေရေစုတ်ပြတ်လျက် လမ်းပင်အနိုင်နိုင် လျှောက်နေရအောင် အခြေအနေကာ ယိုင်နဲ့နဲ့လေးဖြစ်နေသည်။

အော်.. တရားကျဖို့ကောင်းလေစွ။

ဝံကဋီအသွင်အပြင်ကိုမြင်ပြီး မယ်တွေးမိပါ၏။ ဝမ်းသာတာမျိုးမဖြစ်ပေမဲ့ စိတ်မကောင်းတော့ မဖြစ်ပေးမိပါ။ မိမိအပေါ်ပြုလုပ်ခဲ့သော ယုတ်မာမှုများနှင့်ယှဉ်လျှင် လက်ခုပ်မတီးမိတာပင် မယ်ကအတော့်ကိုသည်းခံတတ်သူဟု ဆိုရမည်ဖြစ်သည်။

"ဒူးထောက်စမ်း.."

ဝံကဋီကိုဆွဲခေါ်လာသည့်အမှုထမ်းက တင်းမာစွာအမိန့်ပေးပြီး တွန်းလွတ်လိုက်တော့ ဝံကဋီမှာ ဒူးထောက်ပြီးသားဖြစ်သွားသည်။ မိမိလို ငွေမြို့တော်၏အဆင့်(၂)နေရာရှိသခင်မလေးကို ဒီလိုအဆင့်မရှိအမှုထမ်းတွေဆီကနေ တင်စီးစွာ ဆက်ဆံခံလိုက်ရခြင်းအတွက် ရင်တစ်ခုလုံးအောင့်မျက်နာကျင်သွားကာ မျက်နှာကိုဆတ်ခနဲ့မော့ချလိုက်တော့သည်။

သို့သော် မိမိအားဝိုင်းကြည့်နေကြသည့်လူတွေကိုမြင်တော့ ဘာမှန်းမသိသောရှက်ရွံ့ခြင်းတွေက ရင်ကိုနာကျင်သွားစေတော့၏။ တကယ်ဆိုရင် ဝံကဋီအနေအထားကဒီလိုမှမဟုတ်တာ။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now