Part-53

3.5K 166 6
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၅၃)

"ကိုယ်ဝန်ရှိနေတယ်"

မယ်အထိတ်တလန့်ပင်ဆိုမိတော့ သမားတော်ကြီးကာ ပြုံးရွှင်သောမျက်နှာနှင့် ခေါင်းတညိတ်ညိတ်လိုက်ရင်း

"ဟုတ်တယ်.. သမီးမှာကိုယ်ဝန်ရှိနေတယ် ဒါကြောင့် အခုလိုမူးဝေပြီးမအီမသာဖြစ်နေတာပါ ဘာမှမစိုးရိမ်ပါနဲ့ အခြားရောဂါထွေထွေထူးထူးမရှိပါဘူး ဂုဏ်ယူပါတယ် အရှင်သိင်္ဃ့ရဲ့သွေးသားကို သမီးလွယ်ထားပါပြီ"

သမားတော်ဘိုးဘိုးက ဂုဏ်ယူဝမ်းသာစွာဆိုနေသော်လည်း မယ်ကတော့ ဘာပြန်ပြောရမှန်းမသိအောင် စိတ်တွေထူပူနေမိစဉ်..

"မမလေးမှာ ကိုယ်ဝန်ရှိနေပြီ.."

ကိုယ်ဝန်ရှိပြီဟုဆိုလိုက်သော သမားတော်စကားကြောင့် မှင်သက်ကာအံ့ဩနေရှာသည့်ရွှေဖြူမှာ သတိဝင်လာပြီး ဝမ်းသာအားရထအော်တော့သည်။

"မမလေးမှာအရှင်နဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီတဲ့ ဟိဟိ ပျော်လိုက်တာ .. ရွှေဖြူပျော်လိုက်တာ ဟီးဟီး"

"ရွှေဖြူကလည်း ဘာလို့လျှောက်အော်နေရသလဲ"

ဝမ်းသာအားရအော်ဟစ်ရင်း ပျော်မြူးစွာ ခုန်ပေါက်နေသည့်ရွှေဖြူ့ကိုကြည့်ရင်း မယ့်မှာမျက်နှာပူစွာ လှမ်းဟန့်လိုက်ရသည်။ ဒါတောင် ရွှေဖြူကအပိုးမကျိုးသည့်မျက်နှာနှင့်

"ဟီး.. ရွှေဖြူကမမလေးအစား အရမ်းဝမ်းသာသွားလို့ပါ မမလေးဗိုက်ထဲမှာကလေးပိစိလေးရှိနေပြီ ဘယ်လောက်မင်္ဂလာရှိတဲ့သတင်းလဲ.."

"ရွှေဖြူ လျှောက်ပြောမနေနဲ့.."

မယ်အရှက်သည်းစွာမျက်နှာရဲရဲလေးနှင့် ဟန့်တားလိုက်ရသည့်တိုင် အပျော်လွန်နေသည့် ရွှေဖြူကတဟီးဟီးနှင့်ပျော်မဆုံးဖြစ်နေပြီး

"လျှောက်ပြောတာမဟုတ်ပါဘူးမမလေးရဲ့ သမားတော်ကြီးအခုပဲပြောသွားတာလေ မမလေးမှာကိုယ်ဝန်ရှိနေပြီတဲ့ အဟီး အရှင်သာ ဒီသတင်းကြားရင် အရမ်းဝမ်းသာမှာပဲ မမလေးရော မပျော်ဘူးလာ.."

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now