Part-24

3.5K 168 0
                                    

Unicode
~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၂၄)

"အစ်မလေး အစ်မလေး.."

တစ်စုံတစ်ရာက သူမကိုအဆက်မပြတ်ကိုင်လှုပ်လိုက်သည့်အခါမှ ခွေခွေလေးမေ့မျောနေသည့်မယ့်မှာသတိရလာပြီး

"ဟင် ဘယ်သူလဲ.."

မျက်စိရှေ့ရောက်လာသည့်လူစိမ်းကို တအံ့တဩမေးလိုက်တော့ ထိုလူက

"အရှင်သိင်္ဃက အစ်မလေးရဲ့အဝတ်အစားနဲ့အသုံးအဆောင်တွေလာပို့ခိုင်းလို့ ကျွန်တော်လာပို့တာပါ အစ်မလေးအဆင်ပြေရဲ့လား"

"ဟင့်အင်း အဆင်မပြေဘူး ခုနဘာကြီးလဲမသိဘူး မည်းမည်းကြီး အိမ်ထဲကနေထွက်လာတယ် အဟင့်"

အားကိုးရာရသွားသည့်နှယ် မယ့်မှာတစ်ခါမှမမြင်ဖူးသည့်ထိုလူကို အားကိုးတကြီးပြောလိုက်သည်။ အကြောက်လွန်ကာ ဖြူဖတ်ဖြူလျော်ဖြစ်နေသောမယ့်ကြောင့် ထိုလူက အနီးအနားသို့ဝှေ့ယမ်းကြည့်ပြီး

"ဘာမှမရှိပါဘူး အစ်မလေးအမြင်မှားသလား"

"ဟင့်အင်း မမှားဘူး တကယ်ရှိတယ် ဟင် ဟိုမှာ ဟိုမှာ အမလေး ကြောက်တယ်.."

မယ်သည် တစ်နေရာကိုလက်ညိုးထိုးရင်း အလန့်တကြားဆိုလိုက်တော့ ထိုလူကမယ်ညွှန်ပြသည့်နေရာကိုကြည့်လိုက်သည်။ အပင်တွေကြားမှထိုးထွက်လာသည့် မည်းမည်းအရာကြီးတစ်ခု။ လူပ်တုံ့လူပ်တုံ့နှင့်ထွက်လာသည့် ထိုအရာကိုမြင်တော့ ထိုလူကာပြုံးလိုက်ကာ

"ဘာမှမဟုတ်ပါဘူး ဒါကြောင်နက်ပါ.."

"ဟင်.."

သူပြောမှ အကြောက်လွန်ပြီးမျက်လုံးစုံမှိတ်ထားသည့်မယ် မရဲတရဲကြည့်လိုက်သည်။ ဟုတ်ပါရဲ့.. အလွန်ဝဖြီးပြီး မည်းနက်နေသော ကြောင်တစ်ကောင်။

"ညောင်း.... "

သူမကိုစိုက်ကြည့်လျက် ညောင်သံပေးပြီး အမြီးယမ်းကာထွက်သွားတော့သည်။ ဒါဆို အိမ်ထဲမှခုန်ထွက်လာသည်က သရဲမဟုတ်ဘဲ ကြောင်တစ်ကောင်ပေါ့။ မယ့်မှာစိတ်အေးလက်အေးနှင့်သက်ပြင်းချမိသည်ရှိတုန်း

"ကဲ...ဘာကိစ္စမှမရှိတော့ဘူးဆိုရင် ကျွန်တော် ပြန်တော့မယ် "

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now