Part-32

3.5K 141 2
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၃၂)

"ဟင်..."

မနက်မိုးမလင်းခင် အပေါ့အပါးသွားချင်လာသဖြင့် အပြင်ထွက်လာသည့် ဦးလူးဝစ်(ခ်)မှာ မိန့်ခွန်း၏တဲအတွင်းမှ သမီးဖြစ်သူမေပယ်ထွက်လာသည်ကိုမြင်တော့ အံ့ဩတုန်လှုပ်သွားရသည်။ တစ်ပြိုင်နက်ပင် စိုးရိမ်ပူပင်မှုတွေက ရင်ဝထိ ဆောင့်တက်လာခဲ့၏။

"ဘုရားရေ.. မဟုတ်မှလွဲ၍ မေပယ်က တောက်.. မိုက်လိုက်တဲ့သမီး"

တွေးရုံနှင့်ဦးလူးဝစ်(ခ်)မှာ မျက်လုံးတွေပြာဝေလာသည်အထိ ဒေါသထွက်သွားရ၏။ ထို့နောက် ချက်ချင်းပင် သမီးဖြစ်သူ၏တဲရှိရာသို့ ခြေလှမ်းကျဲကြီးများနှင့် ထွက်လာလိုက်သည်။

"မေပယ်..."

ရုတ်တရက်အခန်းထဲဝင်ချလာသည့် ဒယ်ဒီကြောင့် မေပယ်လန့်ဖျပ်သွားပြီးမှ

"ဒယ်ဒီစောစောစီးစီးနိုးလို့ပါလား..."

"ဒယ်ဒီမေးတာအမှန်အတိုင်းဖြေစမ်း မေပယ် နင်နဲ့မိန့်ခွန်းကဘာလဲ.."

"ရှင်.."

"နင်တို့နှစ်ယောက်ဘယ်လိုပတ်သက်နေကြလဲ"

သူများတွေကြားကုန်မည်စိုးသဖြင့် ဒေါသကို မျိုသိပ်ရင်း ခပ်ကြိတ်ကြိတ်မေးလိုက်တော့ မေပယ်မျက်နှာတစ်ချက်ပျက်သွားသည်။ ထို့နောက် ဟန်ဆောင်ပြုံးလိုက်ရင်း

"ဒယ်ဒီဘာတွေပြောနေသလဲဟင် မေပယ် နားမလည်ဘူး.."

"ရူးချင်ဟန်ဆောင်မနေနဲ့မေပယ် နင့်ကို မိန့်ခွန်းတဲထဲကနေထွက်လာတာ ငါမျက်လုံးနဲ့တပ်အပ် မြင်ပြီးပြီ.."

ဦးလူးဝစ်(ခ်)ဒေါသတကြီးဆိုလိုက်မှ မေပယ် မျက်နှာပျက်ယွင်းသွား၏။ ထို့နောက် မထူးတော့မည့်အတူမို့ အမှန်အတိုင်းပြောပြလိုက်တော့သည်။

"မေပယ်အမှန်အတိုင်းပြောပါ့မယ် ဒယ်ဒီ မေပယ်နဲ့မိန့်ခွန်းက အရင်ကတည်းက ဆက်ဆံရေးတွေရှိခဲ့ပါတယ် ကြားထဲမှာပြီးပြတ်သွားပေမဲ့အခုခရီးအတူထွက်လာတော့ ဒီဇာတ်လမ်းကို ပြန်စမိသွားပါတယ်.."

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now