Part-60

3.5K 137 3
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၆၀)

"သိင်္ဃ့မင်းကိုဖမ်းမိထားပြီ ဟား ဟား ဟားနောက်ဆုံးတော့ ဒီခြင်္သေ့ ငါ့လက်ကမလွတ်တော့ဘူး "

မိတ်ဿရမှာ ကျေနပ်လွန်းစွာ အော်ဟစ်ရယ်မောနေတော့သည်။ သူ့မျက်နှာကြီးတစ်ခုလုံးသည်လည်း ပြုံးဖြီးနေပြီး

"အိမ်း.. ဒုဓိဂါ ဒုဓိဂါ ဒီကောင်အလုပ်လုပ်တာတော်ရှာသားပဲ ဒီလိုဆိုတော့လည်းမဆိုးပါဘူး ခြင်္သေ့ကောင်ကိုဖမ်းနိုင်ခဲ့တယ် အခုတော့ ငါနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တဲ့အချိန်ရောက်ပြီ တွေ့ကြသေးတာပေါ့ သိင်္ဃ့မင်းရာ.."

မိန့်မိန့်ကြီးပြုံးလျက် မိတ်ဿရကြိမ်းဝါးနေပုံမှာ ကြောက်စရာပင်ကောင်းနေ၏။ မိန့်ခွန်းကလည်း အကြံအစည်တွေနှင့် မြှောက်ပင့်ပေးလိုက်သည်။

"ခေါင်းဆောင်မိတ်ဿရဆီကို အောင်မြင်မှုတွေလာနေပြီ ငွေမြို့တော်ကိုသိမ်းပိုက်နိုင်ဖို့ သိပ်မလိုတော့ဘူး ထင်တယ် ခင်ဗျားက ကျုပ်လေးစားအားကျရတဲ့သူပဲ ကျုပ်မျှော်လင့်ထားသလိုပဲ အစွမ်းအစကြီးလွန်းပါတယ် "

"ဟား ဟား မင်းစကားကိုသဘောကျတယ် မိန့်ခွန်း မြေခွေးဘုရင်နဲ့ မိတ်ဖွဲ့တာ မင်းနောင်တမရစေရပါဘူး ကဲ.. ပြောနေတာကြာတယ် ဒီကောင့်ကို အခုပဲသွားကြည့်ကြတာပေါ့ မော်ကြွားလွန်းတဲ့သင်းမျက်နှာတစ်ခုလုံးကို ငါ့ခြေထောက်နဲ့အမြန်သုတ်နင်းချင်လှပြီ ဟား ဟား "

"သူ့ကို ဒီဘက်ဖမ်းခေါ်လာမှာမဟုတ်ဘူးလား"

"သိင်္ဃ့မင်းကသိပ်ဉာဏ်နီဉာဏ်နက်များတော့ သယ်လာဖို့ စိတ်မချရဘူး အန္တရာယ်များတယ် ပြီးတော့ ဟိုမှာကနှိပ်စက်ဖို့ပစ္စည်းပိုစုံတယ်လေ ဟက်ဟက် .. "

မိန့်ခွန်းကသူ့အတွေးနှင့်သူ သဘောကျစွာပြုံးလိုက်ပြီး

"ဒါဖြင့် ကျုပ်လိုက်ခဲ့ပါရစေ ဒီကောင့်မျက်နှာကိုအရသာခံပြီး ကြည့်ချင်တယ်.."

"ဟား ဟား သိပ်ရတာပေါ့.. မိန့်ခွန်းအာဏာအတွက် မြင်းစီစဉ်ပေးလိုက်ကြစမ်း ငါတို့ခဏနေထွက်မယ်.."

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now