Part-47

3.8K 141 6
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၄၇)

"ဟင်..."

ဖျပ်ခနဲ့အိပ်ရာမှလန့်နိုးလာတော့ မျက်နှာပြင်တစ်ခုလုံးဇောချွေးတွေပြည့်နေသည်။ စိတ်တည်ငြိမ်အောင် ဆေးလိပ်တစ်လိပ်ကောက်ဖွာဖို့ပြင်လိုက်သည့်တိုင် စိတ်လှုပ်ရှားလွန်း၍ ထင်သည်။ လက်ထဲမှဆေးလိပ်က အောက်သို့ပြုတ်ကျသွားခဲ့ပြန်ရာ..

"တောက်.."

စိတ်မရှည်တော့ဘဲ ဒေါသတကြီးတက်ခေါက်လိုက်တော့ အပြင်ဘက်တွင် စောင့်နေသည့်မိုက်ကယ်က အပြေးဝင်လာပြီး

"ဆရာ.. ဘာဖြစ်လို့လဲ.."

ထိတ်လန့်နေဟန်ရှိသည့်သူ့မျက်နှာကိုကြည့်ပြီး စိုးရိမ်တကြီးမေးလိုက်သည်။ သူမဖြေနိုင်သေး။  စီးကရက်ကိုသာ အရင်ဖွာလိုက်ပြီးမှ

"ဘာမှမဟုတ်ဘူး ငါအိပ်မက်ဆိုးမက်နေတာ.."

"ဆရာအဆင်ပြေရဲ့လား..."

"အင်း.. ငါ့ကိုဂရုမစိုက်နဲ့ ခရီးဆက်ဖို့သာပြင်"

"ဒါပေမဲ့ ဆရာ့ပုံစံကြည့်ရတာ.."

"မင်းနားမပါဘူးလား မိုက်ကယ် ငါခိုင်းတာကိုပဲ လုပ်စမ်း"

ဒေါသတကြီးအော်ဟစ်လိုက်သောဆရာမိန့်ခွန်းကြောင့် မိုက်ကယ်လည်းဘာမှဆက်မပြောရဲတော့ဘဲ ထွက်လာခဲ့လိုက်သည်။

မိန့်ခွန်း စိတ်လှုပ်ရှားမှုတို့အား သက်သာစေရန် စီးကရက်ကိုဖွာရိူက်နေသော်လည်း စိတ်တို့က မငြိမ်မသက်ဖြစ်နေဆဲ..။ အင်မတန်ကြောက်စရာကောင်းသော အိပ်မက်ဆိုးတစ်ခုကို သူမြင်မက်ခဲ့ရသည်မဟုတ်လား။

အိပ်မက်ထဲတွင် နတ်မိမယ်ကသူ့ကိုငိုယိုတောင်းပန်ရင်းနှင့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့သည်တဲ့။ ဘယ်လောက်ချောက်ချားဖို့ကောင်းသည့်အိပ်မက်လဲ...။

"မယ်တစ်ခုခုဖြစ်နေပြီလား..."

အိပ်မက်ဆိုတာသိနေသည့်တိုင် သူသည်အခုထိတိုင် သွေးပျက်နေရ၏။ စီးကရက်တွေက သူ့စိုးရိမ်မှုကိုမဖျောင်းဖျနိုင်ခဲ့ပါ။ ရေအေးအေးတစ်ခွက်ကလည်း သူ့အပူကိုမငြိမ်းသက်နိုင်ခဲ့ပေ။ နတ်မိမယ်တစ်ခုခုဖြစ်နေပြီလားဆိုသည့်အသိက သူ့ကိုတုန်လှုပ်စေတော့သည်။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now