Part-56

3.3K 144 4
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၅၆)

"ဆင်စွယ်ဓား..."

ဆင်စွယ်ဖြင့်စီမံထားသည့်ဓားကို မြင်လိုက်ရသည့်အခါတွင်တော့ မိတ်ဿရ၏မျက်ဝန်းတို့ကာ ဝင်းလက်တောက်ပသွားရင်း

"ဒါကို မင်းဘယ်ကရလာသလဲ.."

"ဘယ်ကရလာတယ်ဆိုတာ အရေးမကြီးပါဘူး အရေးကြီးတာက ဒီဓားကခင်ဗျားရန်သူတော် သိင်္ဃ့မင်းကိုသတ်ပစ်နိုင်တယ်ဆိုတာပဲ ဒီတော့ ကျုပ်မေးတာပဲဖြေပါ ကျုပ်မိတ်ဖွဲ့တာကို ခင်ဗျားလက်ခံလား လက်မခံဘူးလာ"

မိန့်ခွန်းလေသံကရင့်သယောင်ရှိသည့်တိုင် မိတ်ဿရစိတ်မတိုအားတော့ပေ။ သူ့ရှေ့တွင် သူ့အတွက်အင်မတန်စိတ်ဝင်စားဖွယ်ကောင်းသောဆင်စွယ်ဓားရှိနေသည်မဟုတ်လား။ ထို့ကြောင့် သူ့စိတ်အာရုံတို့က ဓားထံတွင်သာရှိနေတော့သည်။

ငွေမြို့တော်အရှင်သခင်တို့၏အံ့ဖွယ်အစွမ်းတစ်ခုမှာ သူတစ်ပါးသတ်၍မသေနိုင်ခြင်းပင်။ မည်မျှထိခိုက်ဒဏ်ရာရသော်လည်း ဆန်းကြယ်ကျောက်ဂူက ပြန်ကုသပေးနိုင်သည်။ မိမိကိုယ်တိုင်က သေလိုသည့်ဆန္ဒမရှိသရွေ့ အသက်ရှင်ကြ၏။ မည်သူမျှသတ်ဖြတ်၍မရပါ။ ၎င်းတို့အတွက် သတ်မှတ်ထားသော သက်တမ်းစေ့မှသာလျှင် သေဆုံးကြသည်။ ထို့ကြောင့် ခေတ်အဆက်ဆက်က မြေခွေးမျိုးနွယ်တို့က မည်သို့ကြိုးစားယုတ်မာခဲ့စေကာမူ ခြင်္သေ့ဘုရင်ကိုဘယ်လိုမှမနိုင်ခဲ့ခြင်းဖြစ်သည်။

(ငွေမြို့တော်၏နယ်မြေအတွင်း၌သာ သတ်၍မသေခြင်းဖြစ်သည်။ ငွေဥဒေါင်းကာ သေလိုသည့်ဆန္ဒဖြင့် မိမိကိုယ်ကိုယ်သတ်သေသွား၍ သေသွားခဲ့ရသည်။)

သက်တမ်းမစေ့မချင်းမသေနိုင်သော ငွေမြို့တော်အရှင်သခင်ကိုသတ်နိုင်သည့်လက်နက်က တစ်ခုသာရှိသည်။ ထိုလက်နက်ကာ ဆင်စွယ်ဓားပင်ဖြစ်သည်။ ဆင်စွယ်ဓားကြောင့် ရလာသည့်ဒဏ်ရာတို့ကို ဆန်းကြယ်ကျောက်ဂူကာ ကုသပေးနိုင်ခြင်းမရှိပါ။ ထို့ကြောင့်လည်း ဆင်စွယ်ဓားနှင့်ဆိုလျှင် ခြင်္သေ့မင်းကို အနိုင်ယူသတ်ဖြတ်နိုင်မည်ဖြစ်သည်။ သို့သော် ဆင်စွယ်ဓားကို ငွေမြို့တော်၌ဖန်တီး၍မရပါ။ ငွေမြို့တော်၏အရှင်သခင်ကိုသတ်နိုင်သည့် တစ်ခုတည်းသောလက်နက်ဖြစ်သဖြင့် ဤလျှို့ဝှက်နယ်မြေအတွင်း၌ ပြုလုပ်၍မရခြင်းပင်။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now