Part-94

3.4K 156 7
                                    

Unicode

~~🏞ငွေမြို့တော်မှ
                              အမုန်းမြို့ရိုး🏞~~
အပိုင်း(၉၄)

"ဗွမ်း..."

မျက်နှာပေါ်ကြမ်းတမ်းစွာပက်ချခံရသည့် ရေကြောင့် သိင်္ဃ့မျက်လုံးတွေလေးပင့်စွာ ပွင့်လာခဲ့သည်။ ပထမဆုံးသတိပြုမိသည်က သူအသက်ရှင်နေသေးသည်ပဲ။

သို့သော်သူ့တစ်ကိုယ်လုံးသည် အားအင်တွေ ကုန်ဆုံးနေခဲ့ပြီး အသက်ရူဖို့ရန်ကိုပင် ပင်ပန်းနာကျင်နေ၏။ ဘဝတွင် တစ်ခါမျှ ဤမျှအထိသူအားတွေမဆုတ်ယုတ်ခဲ့ဖူးပါ။ ထို့ပြင် သူ့လက်နှစ်ဖက်ကိုလည်း ကြိုးဖြင့်တုတ်နှောင်ထားပြီး အပေါ်ကိုမြှောက်တင်၏။ သူကဒူးထောက်လျက် အနေအထားနှင့်ရှိနေခဲ့သည်။

ညကအတော့်ကိုမှောင်မိုက်နေပြီဖြစ်ပြီဖြစ်နေသော်လည်း ထိန်လင်းနေသည့်လရောင်ကြောင့်ပတ်ဝန်းကျင်ကို ရှင်းလင်းစွာမြင်နေရသေး၏။ သူ တားမြစ်တောအတွင်း၌ရှိနေသေးပါလား။

"သတိရလာပြီလား တိရစ္ဆာန်ကောင်"

ကျေနပ်အားရသောအသံနှင့် ပျက်ရယ်ပြုဆိုလိုက်သူကတော့မိန့်ခွန်းအာဏာ။ သူ့ရှေ့တွင်မားမားရပ်နေပြီး လက်ထဲတွင်လည်း ဆင်စွယ်ဓားကိုကိုင်ထားသည်။ ဆင်စွယ်ဓားကြောင့် သူကအင်မတန်ကိုအားဖျော့နေရသည်ပဲ။

သို့သော် သူမယုံကြည်နိုင်ဖြစ်သည်က မိန့်ခွန်းလက်ထဲ၌ ဆင်စွယ်ဓားရှိနေခြင်းကိုပင်။ သူ ဒီဆင်စွယ်ဓားကို မြေခွေးခေါင်းဆောင် မိတ်ဿရထံမှရရှိခဲ့ပြီးနောက် ဖျက်ဆီးခဲ့ပြီးပြီပဲ။ ဘာကြောင့် မိန့်ခွန်းထံရှိနေသေးရသည်လဲ။

သူ့အတွေးကိုရိပ်မိဟန်ဖြင့် မိန့်ခွန်းက ခပ်ထေ့ထေ့ပြုံးလိုက်ပြီး

"ဒီလိုဓားမျိုးငါ့လက်ထဲရှိနေသေးတာကို မင်းအံ့ဩနေသလား အဟက် မင်းကိုသတ်နိုင်တဲ့ဓားကို ငါကတစ်ချောင်းထဲ ဖန်တီးထားမယ် ထင်နေသလား သိင်္ဃ့ "

မိန့်ခွန်းစကားကြောင့်သိင်္ဃ့အံကြိတ်မိ၏။ သို့သော် သူ့မှာအံကြိတ်ထားဖို့ကိုပင် အားကယိုင်နဲ့လွန်းနေသည်။ ရုတ်တရက် သူသီဟနှင့်စီရာကို သတိရသွားတော့ သူ့ရင်တစ်ခုလုံးထူပူသွားရတော့သည်။

ငွေမြို့တော်မှ အမုန်းမြို့ရိုးWhere stories live. Discover now